ဒီကောင်မလေးအတွက်
Dဖြိုး
၁
၂
၃
ဒီကောင်မလေးအတွက် ခံစားရတော့မယ်ပြောပါစေ
ဒီကောင်မလေးအတွက်
ငါ အပေါင်အသင်းများစွာ ဘယ်လိုတားလည်း
ဒီကောင်မလေးအတွက် ငါအရှုံးပေးချစ်ပြမယ်
ဒီကောင်မလေးအတွက် ငါပေးဆပ်နိုင်လို့
ဒီကောင်မလေးအတွက် ငါ
ရူးသွပ်လိမ့်မယ်ပြောပါစေ
ဒီကောင်မလေးအတွက်
ငါ အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုကဲ့ရဲ့
ဒီကောင်မလေးအတွက် ငါတစ်ဖက်သတ်အရူးအမူးပဲ
ဒီကောင်မလေးအတွက် ငါအတိုင်းထက်အလွန်ပဲ
ဒီကောင်မလေးအတွက် ငါငိုချင်ငိုရမယ်
ဒီကောင်မလေးအတွက် ငါရယ်ချင်ရယ်ရမယ်
ဒီကောင်မလေးအတွက်
ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားပါစေ
ဒီကောင်မလေးအတွက် ငါပေးဆပ်မှာပဲ
၁
၂
၃
ဒီကောင်မလေးရဲ့ ရင်ထဲကမီးလောင်ကျွမ်းနေတယ်
ဒီကောင်မလေးရဲ့
ကြေကွဲခြင်းအတိတ်တွေ ဘယ်သူသိလည်း
ဒီကောင်မလေးရဲ့
ငိုကြွေးခြင်းသမိုင်းဟောင်းတွေ
ဒီကောင်မလေးရဲ့ ကိုယ်စားမျှဝေလို့
ဒီကောင်မလေးရဲ့ ရင်ထဲကမီးလောင်ငြိမ်းစေမယ်
ဒီကောင်မလေးရဲ့
နာကြည်းခြင်း ငါ့အပေါ်ပုံချလို့
ဒီကောင်မလေးရဲ့
မကြေသေးတဲ့အမုန်းအကြွေးတွေ
ဒီကောင်မလေးရဲ့ ကိုယ်စားမျှဝေလို့
ဒီကောင်မလေးအတွက် ငါငိုချင်ငိုရမယ်
ဒီကောင်မလေးအတွက် ငါရယ်ချင်ရယ်ရမယ်
ဒီကောင်မလေးအတွက်
ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားပါစေ
ဒီကောင်မလေးအတွက် ငါပေးဆပ်မှာဘဲ
၁
၂
၃
ဒီကောင်မလေးအတွက် ငါငိုချင်ငိုရမယ်
ဒီကောင်မလေးအတွက် ငါရယ်ချင်ရယ်ရမယ်
ဒီကောင်မလေးအတွက်
ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားပါစေ
ဒီကောင်မလေးအတွက် ငါပေးဆပ်မှာပဲ
ဒီကောင်မလေးအတွက် ငါပေးဆပ်မှာဘဲ
ကျေဇူးတင်ပါတယ်