မြင်နေတယ်မျက်လုံးများရှိခဲ့လို့
မြင်တာကိုမျက်လုံးလွှဲပစ်လိုက်
ငါဒီမှာရှောင်တိမ်းကြိုးစားမျက်စိမှိတ်
ငိုနေပြီမှိတ်သောင့ါမျက်စိ
မြင်နေတယ်မျက်လုံးများ
မမြင်အောင်မှိတ်ထားလည်း
မြင်တာကိုအိပ်မက်ဆက်မက်ကြ
မျက်လုံးများ …. ငါတားလို့မရ
ရင်နာစွာငါ့နလုံးသားများကွဲအက်
ကာကွယ်ရန်ခွန်အားများဆုံးရှုံး
နင်ဒီလိုငါ့အသည်းခွဲပစ်ရန်အရွဲ့တိုက်သလား
မြင်အောင်ကြည့်သောငါ့အပြစ်လား
မြင်နေသောမျက်လုံးများ
မမြင်အောင်ဇွတ်အတင်းပိတ်ပစ်လည်း
မြင်တာကိုအိပ်မက်ဆက်မက်ကြ
မျက်လုံးများ ..… ငါတားလို့မရ …
မမြင်အောင်မျက်လုံးများဖောက်ထုတ်လိုက်
ဝေဒနာခံစားချက်မဲ့ဖို့
ရင်မှာသိုမှီးထားတဲ့အချစ်နဲ့
ငိုလွယ်တတ်သောအသည်းခွဲထုတ်
မြင်နေတယ်မျက်…လုံး…များ
မမြင်အောင်ဇွတ်အတင်းစွတ်မှိတ်ပစ်
မြင်တာကိုအိပ်မက်ဆက်မက်ကြ
မျက်လုံးများ …… ငါတားလို့မရ …
မျက်လုံးများ …… ငါတားလို့မရ …
အား …..
မြင်ရတော့ မြင်ရတော့ မြင်ရတော့
နာကျည်းအသည်းကွဲရ