menu-iconlogo
huatong
huatong
avatar

အသက်ဝိညာဉ်ခရီး

နင်ဇီမေhuatong
Ⓜ️🌬️༄KOKOTUN༄🌬️Ⓜ️huatong
Lyrics
Recordings
နင်ဇီမေ

အသက်ဝိညာဉ်ခရီး

MUSIC

အပူပင်တွေများတဲ့ ဒီဘဝထဲ

အေးချမ်းတဲ့အရိပ်ဟာရှာလည်းမတွေ့ပါ

အယောင်ဆောင်တွေများတဲ့လူတွေကြား

သူစိမ်းဆန်စွာ နွေးထွေးမှုလဲမရှိပါ

သိမ်ငယ်မှုများနဲ့ နွမ်းပါးစွာ

ဒီဘဝခရီးရဲ့ နေ့ရက်တွေထဲ

အသက်ဆက်ဖို့ ကြိုးစားလေဆန်

ငိုယိုကာအားငယ်စဉ်မှာ အမြဲ

အားပေးလို့လေသူအမြဲနှစ်သိမ့်တယ်

ကြင်သူတွေစွန့်ခွာလို့သွားလည်း

အနီးနားလေးမှာ သူအမြဲရှိနေ

ခြေကုန်လက်ပန်းကျ ဘဝရဲ့လှိုင်းတံပိုးတွေကြားမှာ

ကူးခပ်ရင်း

ခွန်အားများ ကင်းမဲ့နေလည်း

ကျွန်ုပ်ဘဝရဲ့နေ့ရက်အသစ်ကိုပေးစွမ်းသူ

အသက်ဝိညာဉ်ခရီးအား လမ်းပြပဲ့ကိုင်ပေးသူ

ဆုံးရှုံးခြင်းမှ လွတ်မြောက်စေတဲ့သူ ယေရှု……

ဘုရားမြတ်ရဲ့ကြီးမားမေတ္တာတန်ခိုးကြောင့်

အသက်ဝိညာဉ်ခရီးလေး စိတ်ချမှုကိုရခဲ့ပြီ

လောကကြီးရဲ့ နေ့ရက်တွေထဲမှာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအသက်တာနဲ့

အသက်ဆက်ခွင့်ရခဲ့ပြီ

Solo

ငိုယိုကာအားငယ်စဉ်မှာ အမြဲ

အားပေးလို့လေသူအမြဲနှစ်သိမ့်တယ်

ကြင်သူတွေစွန့်ခွာလို့သွားလည်း

အနီးနားလေးမှာ သူအမြဲရှိနေ

ခြေကုန်လက်ပန်းကျ ဘဝရဲ့လှိုင်းတံပိုးတွေကြားမှာ

ကူးခပ်ရင်း

ခွန်အားများ ကင်းမဲ့နေလည်း

အိုး ဝိုး

ကျွန်ုပ်ဘဝရဲ့နေ့ရက်အသစ်ကိုပေးစွမ်းသူ

အသက်ဝိညာဉ်ခရီးအား လမ်းပြပဲ့ကိုင်ပေးသူ

ဆုံးရှုံးခြင်းမှ လွတ်မြောက်စေတဲ့သူ ယေရှု……

ဘုရားမြတ်ရဲ့ကြီးမားမေတ္တာတန်ခိုးကြောင့်

အသက်ဝိညာဉ်ခရီးလေး စိတ်ချမှုကိုရခဲ့ပြီ

လောကကြီးရဲ့ နေ့ရက်တွေထဲမှာ

ပျော်ရွှင်ဝမ်းမြောက်ခြင်းအသက်တာနဲ့

အသက်ဆက်ခွင့်ရခဲ့ပြီ

အိုး လောကကြီးရဲ့ လှိုင်းတံပိုးတွေလည်း

မမှုတော့ပါ

FADE OUT

ကျေးဇူးတင်ပါတယ်

More From နင်ဇီမေ

See alllogo
အသက်ဝိညာဉ်ခရီး by နင်ဇီမေ - Lyrics & Covers