menu-iconlogo
huatong
huatong
avatar

မိုးစက္တင္ေလ

နန္ဒဧရာhuatong
ogreurhuatong
Lyrics
Recordings
သီချင်း - မိုးစက်တင်လေ

တေးဆို - နန္ဒဧရာ

ပင်လယ်နေပူရင်

ဖြစ်ခြင်းသဘောတွေ...

အိုဟို.... တောင်ပြာတန်းရိုး

မိုးစက်မှုန်ရင်

တို့ရဲ့စိတ်တွေ ပြေးသွားခဲ့သည်

မင်းတစ်ယောက်ရှိတဲ့ဆီ

မှန်းဆလွမ်းပါသည်...

မညှာမတာ မိုးကြမ်းများ ငါ့ကိုလေ...

ရိုက်ခတ်လို့ မသွားအောင်

ကူညီလို့ပေးတယ်...

တိမ်လွှာပြင်မိုးသားအောက်က

ချစ်တဲ့သူရေ...

မြေပြင်လူ ငါ့အထက်ကပ်လျက်

ရပ်ခဲ့သူရေ...

သောကဝေ ဒုက္ခမိုးရေတွေ...

မထိခိုက်အောင်ကားဆီးခဲ့သူရေ

အမည်ပေးလိုက်ချင်တယ်မေ

မိုးစက်တင်လေ...

နွေအလယ် ပျံကာနေတဲ့

ငှက်ကလေးများတို့ရယ်.

အိုဟို... ဖြူစင်ရိုးသား

စိတ်ထားမြတ်သူ...

ကျွန်တော့်ရဲ့အချစ်တွေ

သိမ်းထားခဲ့သည်

သူ့ရဲ့နှလုံးသားဆီ

တစ်နေ့တော့ အရောက်လာမည်

ကြုံရင်ပြောလိုက်ပေါ့

ငှက်ငယ်တွေရယ်

ငါ့တစ်သက်ရဲ့ညတွေ

အာရုဏ်ကျင်းလင်းနေ

သံသာလေကမ်းက

မိုးစက်တင်လေ..

ရေပူရေချမ်းကမ်းလှမ်းမယ့်

မိုးစက်တင်လေ..

သောကဝေ ဒုက္ခမိုးရေတွေ

ကင်းလွတ်ရာ ဘဝလေးထဲမှာလေ

မောင်လိုက်လို့ရှာမယ်မေ

မိုးစက်တင်လေ

အဆုံးအစမဲ့လမ်းက မသိပေမယ့်

မှန်းဆလို့ တမ်းတတွေ့ချင်နေ...

မိုးစက်တင်လေ...

မိုးစက်တင်လေ..

မိုးစက်တင်လေ.

ဘယ်မလဲအချစ်ရေ

နွေအလယ် ပျံကာနေတဲ့

ငှက်ကလေးများတို့ရယ်

အိုဟို... ဖြူစင်ရိုးသား

စိတ်ထားမြတ်သူ...

ကျွန်တော့်ရဲ့အချစ်တွေ

သိမ်းထားခဲ့သည်

သူ့ရဲ့နှလုံးသားဆီ

တစ်နေ့တော့ အရောက်လာမည်

ကြုံရင်ပြောလိုက်ပေါ့

ငှက်ငယ်တွေရယ်...

ငါ့တစ်သက်ရဲ့ညတွေ

အာရုဏ်ကျင်းလင်းနေ...

သံသာလေကမ်းက

မိုးစက်တင်လေ..

ရေပူရေချမ်းကမ်းလှမ်းမယ့်

မိုးစက်တင်လေ..

သောကဝေ ဒုက္ခမိုးရေတွေ

ကင်းလွတ်ရာ ဘဝလေးထဲမှာလေ

မောင်လိုက်လို့ရှာမယ်မေ

မိုးစက်တင်လေ...

အဆုံးအစမဲ့လမ်းက မသိပေမယ့်

မှန်းဆလို့ တမ်းတတွေ့ချင်နေ...

မိုးစက်တင်လေ...

မိုးစက်တင်လေ..

မိုးစက်တင်လေ.

ဘယ်မလဲအချစ်ရေ...

More From နန္ဒဧရာ

See alllogo