သီချင်း - ချစ်အယူခံ
တေးဆို - နီတာ + နိုင်းဝမ်း
မပြေလည်နိုင်အောင် သူကကြံရွယ်တယ်
ရင်မှာချစ်အားလေး ညှိုးငယ်ရပါတယ်
ပြေလည်အောင် ဖြေရှင်းပါမယ်လေ
အယူခံဒီစကားလေး ပြောပြတော့မယ်
အကြင်နာဆုံး ကိုယ်ရဲ့အချစ်ဆုံးရေ
နေပါဦး မုန်းလိုက်တော့မှာလားလေကွယ်
ကြင်နာတဲ့သူလေး ရှောင်ပြေးလေတော့
ကိုယ်တစ်ယောက်တည်း အခုတော့ကြေကွဲပြီ
ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ
အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား
တစ်ယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ်
ကြင်သူရေ ခေါ်သံလေးကြားရင်
အချစ်ဟောင်းလေးကို ခဏတော့လှည့်လို့ကြည့်ပါဦး
ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား
နောက်တစ်ယောက်တော့ မချစ်လိုက်နဲ့ကွယ် ...
အချိန်တွေကြာကြာ မေ့ထားနိုင်သူရေ
ဒိုင်ယာရီဟောင်းလည်း အလွမ်းတွေပြည့်ပြီကွယ်
အနိူင်ယူပါကွယ် တောင်းပန်ပါတယ်
မေရေကိုယ် အရှုံးလေး ပေး ပေးလိုက်မယ်
ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
အကြင်နာလေးများလည်း ပေးသနားပါဦးကွယ်
ကျေပါတော့အချစ်ဦး ရန်ညှိုးတွေရယ်
အယူခံတေးလေးနဲ့ ကိုယ်ချော့မယ် ...
စိတ်လေးခဏလျှော့လို့ နားလည်ပေးပါဦး
ချစ်သူလေးရယ်
မင်းဘက်ကိုယ့်ဘက် အမြင်မတူသေးလဲ
အပြင်လူသွေးခွဲ အကြင်ဘယ်သူရွေးမလဲ
သံသယတွေပွားပြီးတော့ နင်မပူဆွေးနဲ့
အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်း
ငါရင်ကွဲမယ့်စကားတွေပဲ မင်းထပ်ပြောတယ်
တစ်လုံးပြီး တစ်လုံး မှောင်လွန်းတဲ့ငါ့ည
မင်းကခြောက်လှန့်နေတဲ့ စုန်းမီးလုံး
မင်းမရှိတဲ့နေ့ကစလို့ I'm so loney ... Ohh...
ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ
အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား
တစ်ယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ်
ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ
အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား
တစ်ယူသန်ပဲ ဆုံးဖြတ်တော့မှာလားမေရယ်
အကျိုးအကြောင်းလေး မောင်ပြောပြမယ်
ကြင်သူရေ ခေါ်သံလေးကြားရင်
အချစ်ဟောင်းလေးကို ခဏတော့လှည့်လို့ကြည့်ပါဦး
ပြန်လည်လို့ ချစ်ခွင့်ပေးပါဦးလား
နောက်တစ်ယောက်တော့ မချစ်လိုက်နဲ့ကွယ် ...
အချိန်တွေကြာကြာ မေ့ထားနိုင်သူရေ
ဒိုင်ယာရီဟောင်းလည်း အလွမ်းတွေပြည့်ပြီကွယ်
အနိူင်ယူပါကွယ် တောင်းပန်ပါတယ်
မေရေကိုယ် အရှုံးလေး ပေး ပေးလိုက်မယ်
ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့
အကြင်နာလေးများလည်း ပေးသနားပါဦးကွယ်
ကျေပါတော့အချစ်ဦး ရန်ညှိုးတွေရယ်
အယူခံတေးလေးနဲ့ ကိုယ်ချော့မယ် ...