မွေးနေ့လက်ဆောင်များ နီနီခင်ဇော် အိုင်ရင်
Happy Birthday!
Singer 1 ဒီနေ့မင်းမွေးနေ့
GOOD MORNING BABY
ပန်းတွေကိုလေ မြင်လားဟေ့
မနက်အစောကြီးထ မင်းတံခါးဝ ခင်းလို့ထား
ငါစီစဉ်တဲ့ ပန်းတွေဟေ့. . .
Singer 2 ပြတင်းတံခါးများဖွင့်ကာ
မင်းကြည့်လိုက်စမ်းပါ
ကောင်းကင်ယံကို မြင်မယ်လေ. . .
တစ်မြို့လုံးဟေ့
ဘောလုံးအပြည့် ပျံဝဲလို့နေ
ငါစီစဉ်တဲ့ မင်းမွေးနေ့. . .
Singer 1 ရေဒီယိုတွေမှာ လာနေပါတယ်
မင်းအတွက် သီချင်းတွေလည်း. . .
မင်းစိတ်ကြိုက်ရွေးဖွင့်လိုက်
မင်းရဲ့အတွက်သာ
ငါစီစဉ်တဲ့ သီချင်းများပဲ. . .
Singer 2 TVChannel တွေမှာ
လာလာနေပါတယ် မင်းရဲ့ဓာတ်ပုံနဲ့
အားလုံးက မင်းမွေးနေ့ လမ်းတွေ့တဲ့အခါ
သံပြိုင်ဒီလို နှုတ်ဆက်မယ်. .
Both Happy Birthday!
Happy Birthday!
Happy Birthday! Hey!
I LOVE U I LOVE U I LOVE U
I LOVE U I LOVE U I LOVE U Babe!
ဒါတွေအကုန်လုံး ငါ့ရဲ့လက်ဆောင်
ပျော်ပါစေ ရင်ထဲ
I LOVE U I LOVE U I LOVE U
I need U I need U I need U Babe!
ပျော်ပါစေ ဘဝရဲ့ လက်ဆောင်နေ့. . .
မင်းလေးယူ မင်းလေးယူ
လှပတဲ့ လက်ဆောင်များနဲ့ မွေးနေ့. .
Singer 1 စိတ်မဆိုးနဲ့ ကလေးရေ
တကယ်တမ်းတော့ babe
အခုပြောနေတာဟာ အိမ်မက်လေး
ဆန္ဒနဲ့ဘဝ တကယ်လက်တွေ့ကျ
တစ်ထပ်တည်းဖြစ်ရအောင်
ငါလေတကယ်ကို မချမ်းသာသေး
Singer 2 (Sorry babe!)
ငါသီချင်းလေးရေးတာ ဒါမင်းလေးအတွက်ပါ
မင်းကိုရည်ရွယ်ချင်တာတွေ. . .
တစ်နေ့လုံးရေး တစ်ညလုံးရေး ဒါမင်းအတွက်လေ
ငါရည်ရွယ်တယ် မင်းမွေးနေ့. . .
ရေဒီယိုတွေမှာ လာနေပါတယ်
မင်းအတွက် သီချင်းတွေလည်း. . .
မင်းစိတ်ကြိုက်ရွေးဖွင့်လိုက်
မင်းရဲ့အတွက်သာ
ငါစီစဉ်တဲ့ သီချင်းများပဲ. . .
Singer 1 TVChannel တွေမှာ
လာနေပါတယ် မင်းအကြောင်းသီချင်းတွေပဲ. . .
အားလုံးက မင်းမွေးနေ့ လမ်းတွေ့တဲ့အခါ
သံပြိုင်ဒီလို နှုတ်ဆက်မယ်. .
Both Happy Birthday!
Happy Birthday!
Happy Birthday! Hey!
Happy Birthday!
Happy Birthday!
Happy Birthday! Hey!
《》