menu-iconlogo
huatong
huatong
avatar

အချစ်အတွက်တစ်ဖန်မွေးဖွားခြင်း ☪

နီနီခင်ဇော် Ni Ni Khin Zawhuatong
risingsun_70814huatong
Lyrics
Recordings
အချစ်အတွက် တစ်ဖန် မွေးဖွားခြင်း

ရေး စိုင်းခမ်းလိတ်

ဆို နီနီခင်ဇော်

L a w o n

နေမင်းရဲ့ အလင်းရောင် ခြည်လည်း

မနေ့ကနဲ့ မတူ

မနေ့ကလို မပူတော့ပြီ

အားသစ် အင်သစ် တွေ

ဆောင်ကျဉ်းပေးခဲ့လို့ ...ငါသည်

အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ

ငှက်ကျေးရဲ့ သီချင်းသံ တွေလည်း

မနေ့ကနဲ့ မတူ

မနေ့ကလို မဆူတော့ပြီ

အတွေးသစ် အမြင်သစ်တွေ

ဆောင်ကျဉ်း ပေးခဲ့လို့... ငါသည်

အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ

မျှော်လင့်ခြင်း ..တွေရင်မှာ

ပြန် ရှင်သန်လာ..

မာန်မာန..တွေရင်မှာ

ပြန်ခိုင်မာလာ.....

ဒီဘဝကို အရှုံး မပေးတော့ဘူး ..လို့

ငါ့ နှလုံးသား တစ်ချက်

ခုန်လိုက်တိုင်းလည်း

မနေ့ကနဲ့ ကွာ

မနေ့ကလို မနာတော့ပြီ

သူ့မျက်နှာ ခဏ

မြင်လိုက် ကတည်းက စပြီး

ငါသည်...

အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ

မျှော်လင့်ခြင်း ..တွေရင်မှာ

ပြန်ရှင်သန်လာ..

မာန်မာန..တွေရင်မှာ

ပြန်ခိုင်မာလာ.....

ဒီဘဝကို အရှုံး မပေးတော့ဘူး ..လို့

ငါ့ နှလုံးသား

တစ်ချက် ခုန်လိုက်တိုင်းလည်း

မနေ့ကနဲ့ ကွာ

မနေ့ကလို မနာတော့ပြီ

သူ့မျက်နှာ ခဏ

မြင်လိုက် ကတည်းက စပြီး

ငါသည်...

အချစ်အတွက် တစ်ဖန် မွေးဖွားခဲ့ပြီ...

သူ့မျက်နှာ ခဏ

မြင်လိုက် ကတည်းကစပြီး

ငါသည်..

အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ

Thanks

More From နီနီခင်ဇော် Ni Ni Khin Zaw

See alllogo