menu-iconlogo
huatong
huatong
avatar

ပိုလွမ်းချစ်

နီနီဝင်းရွှေhuatong
13308585651🇲🇲huatong
Lyrics
Recordings
ပိုလွမ်းချစ်

နီနီဝင်းရွှေ

ရွှေလကသာ....

ကြယ်ကလေးတွေ

ဟိုမှာဒီမှာတလက်လက်နဲ့လေ

လမင်းကြီးနဲ့ အပေါင်းအဖော်စုံနေ

လေညှင်းကလေးတွေ

ဆော့ကစားလို့ဖြင့် မြူးပျော်ကာနေ

ပန်းရနံ့ကလေးတွေ

မွှေးနေမွှေးနေ

ဆွေးမပြေ မေ့ကြင်သူနဲ့ဝေးနေ

အဖော်ဝေးသူ တို့ကိုသာလေ

ပိုဆွေးစရာ လွမ်းအောင်ဖန်ရော့သလားလေ

အချစ်ရေအချစ်ရေ

လမင်းသာတော့ မင်းကိုသတိရနေ

မှတ်မိသေးပါရဲ့လားအချစ်ရေ

ညချမ်းအချိန်အခါ

ကောင်းကင်ကိုမော့ကြည့်ကာ

ကြယ်တွေရေတွက်ကာ

မောင့်အချစ်နဲ့ နှိုင်းပြကာသာလေ

ဂစ်တာကလေးတီးကာ

ဖိုးလမင်းကြီးရယ်

ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့

ပေးပါ ပေးပါ

ဒီသီချင်းလေးကိုသီဆိုကာ

ချစ်သူလေးအိပ်ကွာ မောင်ချော့ကာသိပ်

အိပ်တော့ကလေး​ရာ..

ဝေးတော့မှပိုလို့လွမ်း

ဝေးကြမှပိုလို့ချစ်မှန်းသိရပြီလေ

ရေမြေခြားလို့ တစ်ပြည်တစ်နယ်စီဝေး

ဝေး ဝေးကြပေမယ့်

ဖိုးလမင်းကတော့သာမြဲပါလေ

တမ်းတမိတယ်ချစ်သူရေ

ဖိုးလမင်းကြီးရယ်

ချစ်သူလေးနဲ့ အမြန်ဆုံးတွေ့အောင်

စွမ်းဆောင်ပေးပါလေ..

ဝေးတော့မှပိုလို့လွမ်း

လွမ်းလွမ်း လွမ်းလွမ်းလွမ်း

ဝေးတော့မှပိုလို့ချစ်

ချစ်ချစ် သိပ်သိပ်ချစ်

ဝေးတော့မှပိုလို့လွမ်း

လွမ်းလွမ်း လွမ်းလွမ်းလွမ်း

ဝေးတော့မှပိုလို့ချစ်

ချစ်ချစ် သိပ်သိပ်ချစ်

မှတ်မိသေးပါရဲ့လား အချစ်ရေ

ညချမ်းအချိန်အခါ

ကောင်းကင်ကိုမော့ကြည့်ကာ

ကြယ်တွေရေတွက်ကာ

မောင့်အချစ်နဲ့ နှိုင်းပြကာသာလေ

ဂစ်တာကလေးတီးကာ

ဖိုးလမင်းကြီးရယ်

ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့

ပေးပါ ပေးပါ

ဒီသီချင်းလေးကိုသီဆိုကာ

ချစ်သူလေးအိပ်ကွာ မောင်ချော့ကာသိပ်

အိပ်တော့ကလေးရာ..

ဝေးတော့မှပိုလို့လွမ်း

ဝေးကြမှပိုလို့ချစ်မှန်းသိရပြီလေ

ရေမြေခြားလို့ တစ်ပြည်တစ်နယ်စီဝေး

ဝေး ဝေးကြပေမယ့်

ဖိုးလမင်းကတော့ သာမြဲပါလေ

တမ်းတမိတယ်ချစ်သူရေ

ဖိုးလမင်းကြီးရယ်

ချစ်သူလေးနဲ့ အမြန်ဆုံးတွေ့အောင်

စွမ်းဆောင်ပေးပါလေ..

ဝေးတော့မှပိုလို့လွမ်း

လွမ်းလွမ်း လွမ်းလွမ်းလွမ်း

ဝေးတော့မှပိုလို့ချစ်

ချစ်ချစ် သိပ်သိပ်ချစ်

ဝေးတော့မှပိုလို့လွမ်း

လွမ်းလွမ်း လွမ်းလွမ်းလွမ်း

ဝေးတော့မှပိုလို့ချစ်

ချစ်ချစ် သိပ်သိပ်ချစ်

ဝေးတော့မှပိုလို့လွမ်း

လွမ်းလွမ်း လွမ်းလွမ်းလွမ်း

ဝေးတော့မှပိုလို့ချစ်

ချစ်ချစ် သိပ်သိပ်ချစ်

More From နီနီဝင်းရွှေ

See alllogo