menu-iconlogo
huatong
huatong
avatar

အတုအ​ယောင်

နီနီဝင်းရွှေhuatong
🇲🇲ⓝⓨⓔⓘⓝ🇲🇲...huatong
Lyrics
Recordings
အတုအယောင်

ဆို...နီနီဝင်းရွှေ

လူဆိုတာ လူလူချင်း

မေတ္တာ အရင်းခံကာ

စိတ်ထားဖြူစင် ချစ်ချစ်ခင်

ချစ်ကြင်နာကြရင်သာ

ကမ္ဘာမြေလောကတစ်ခွင်လုံးမှာ

ထာဝစဉ်အပြုံးရွှင်လန်းစွာ

လူဆိုတာ လူလူချင်း

မေတ္တာ အရင်းခံကာ

စိတ်ထားဖြူစင် ချစ်ချစ်ခင်

ချစ်ကြင်နာကြရင်သာ

ကမ္ဘာမြေလောကတစ်ခွင်လုံးမှာ

ထာဝစဉ်အပြုံးရွှင်လန်းစွာ

လောကီဘုံ လူဇာတ်ခုံမှာ

ကြုံလာရသမျှ ဆန်းစစ်ကာတွေး

တရေးရေးမြင်လာ

အချစ်စစ် အချစ်မှန်များ

ရှားပါးလိုက်တာ

အချစ်တုအချစ်ယောင်များသာ

ဤ ကမ္ဘာ​ လောကကို

လွှမ်းခြုံလို့နေတာ

အတုအယောင်တွေနဲ့သာ

ချစ်လို့နေကြတာ

ပစ္စည်းဂုဏ်ကိုခင်မင်ကာ

ချစ်ခဲ့ကြတဲ့အချစ်ဟာ

ရုပ်ရည်လှပကြော့ရှင်း

ချစ်ခြင်းစိတ်မှာမရေရာ

အဲဒီချစ်သမျှဟာ

အနှစ်အရသာနဲ့ကင်းကွာ

လောကီဘုံ လူဇာတ်ခုံမှာ

ကြုံလာရသမျှ ဆန်းစစ်ကာတွေး

တရေးရေးမြင်လာ

အချစ်စစ် အချစ်မှန်များ

ရှားပါးလိုက်တာ

အချစ်တုအချစ်ယောင်များသာ

ဤ ကမ္ဘာ လောကကို

လွှမ်းခြုံလို့နေတာ

အတုအယောင်တွေနဲ့သာ

ချစ်လို့နေကြတာ

ပစ္စည်း ဂုဏ်ကိုခင်မင်ကာ

ချစ်ခဲ့ကြတဲ့အချစ်ဟာ

ရုပ်ရည်လှပကြော့ရှင်း

ချစ်ခြင်းစိတ်မှာမရေရာ

အဲဒီချစ်သမျှဟာ

အနှစ်အရသာနဲ့ကင်းကွာ

ပစ္စည်း ဥစ္စာ ပြည့်ဝချမ်းသာ

ကိုယ်မှာ ရှိတဲ့အခါ

ခေါ်ချ​​င်​ ပြောချင်

မိတ်ဆွေဖွဲ့ချင်ကြတာ

နွမ်းပါးနေတဲ့အခါ

အသိများတောင် မလုပ်ချင်ကြပါ

အတုအယောင်တွေ

ပေါများလိုက်တာ

သာတုန်းသာနားချင်ကြတာ

အပေါ်ယံ အလွှာလေးကို

ရွှေးရွှေးပြီ​ပေါင်းသင်းကြတဲ့

မိတ်ဆွေအတုယောင်များပါ

မောင်က မေ့ကိုမေ့ကို

မေကလည်း ​မော​င့်ကိုမောင့်ကို

ချစ်လိုက်ရတာ ချစ်လိုက်ရတာ

လေးဆူဒီပါ သီတာအလုံး

ဟင် ဆုံးပါစေတော့တစ်ခါ

အဲဒီလိုဆိုကြပေမယ့်

ဒီ့ထက်သာတဲ့သူ

ဒီ့ထက်သာတဲ့ အချစ်များကို

တွေ့ပြန်ရင် တစ်ခါ

မောင် မေ့ကိုပြစ်ခွာ

မေကလည် ​မောင့်ကို

မချစ်တော့နိုင်ပါ....

ကဲ ဘယ်မှာလဲရှင်

အချစ်စစ် အချစ်မှန်

တကယ့်တကယ်များ....

ရှာဖွေကြည့်လိုက်တဲ့အခါမှာ

အချစ်တု အချစ်ယောင်များသာ

ဤ ကမ္ဘာ လောကကို

လွှမ်းခြုံလို့နေတာ

အတုအယောင်တွေနဲ့သာ

ချစ်လို့နေကြတာ

ပစ္စည်း ဂုဏ်ကိုခင်မင်ကာ

ချစ်ခဲ့ကြတဲ့အချစ်ဟာ

ရုပ်ရည်လှပကြော့ရှင်း

ချစ်ခြင်းစိတ်မှာမရေရာ

အဲဒီချစ်သမျှဟာ

အနှစ်အရသာနဲ့ကင်းကွာ

More From နီနီဝင်းရွှေ

See alllogo