menu-iconlogo
huatong
huatong
avatar

သီတာရေစင်

နီနီဝင်းရွှေhuatong
ဦးမင်းခန့်😎huatong
Lyrics
Recordings
သီတာရေစင်

ရေး/ကိုသက်ဦး

ဆို/နီနီဝင်းရွှေ

.......intro.....

.....go....

လျှိုမြောင် တောကြား...

မြင့်မားခေါင်ခေါင်...

တောင်ထိပ်ပေါ်မှ ဖြတ်ကျော်ကျလာ

စိမ့်ရေ စမ်းရေပမာ....

ကြည်လင် မြမြ

အေး...လှပေတာ

မိဘနှစ်ဖြာ

သားသမီးပေါ်မှာ နှစ်နှစ်ကာကာ

ချစ်တဲ့မေတ္တာ

သီတာ ရေစင်ပမာ

တသွင်သွင် စီးကျလေတာ

.....solo....

.........go

မိခင်ဖခင် နှစ်ဖြာ

သားသမီးအပေါ်မှာ ကြီးမားလှစွာ

မေတ္တာပွား..ကရုဏာထား

ချစ်အား သန်ကြပေတာ

ချစ်ခင်ကြသော မေတ္တာမေတ္တာ

ကျွေးမွေးပြုစုလာ

ယုယကြင်နာ ငယ်စဉ်တုန်းအခါ

ရင်မှာပိုက်ကာ၊ ထွေး...

နို့ချိုကျွေး မွေးလာရ

မိဘတို့မှာ မိဘတို့မှာ

အို.အေး.အို တေးဆိုပေးကာ

အိပ်ပါ လူကလေး..

မယ့်ရင်သွေး စိတ်အေးချမ်းသာ

သိပ်ပါသော်မှ အိပ်ကာပျော်သပါ့

သားလှလေးရဲ့ မျက်နှာ

မိခင်မာတာ တစိမ့်စိမ့်ကြည့်ရင်းသာ

နှလုံးအိမ်တွင်း ချစ်ခြင်းမေတ္တာ

တဖျပ်ဖျပ် ရိုက်ခတ်ပေါ်လာပြန်တာ

သီတာရေစင် ပမာ

တသွင်သွင် စီးကျလေတာ

.....solo......

........go

ရှေးလွန်လေ ပြီးသောအခါ

ရာဇဂြိုလ်တိုင်း မဟာ

ဘုရင် ဗိမ္မိသာရ သူ့သားအလှ ရတနာ

အဖကိုသာ သတ်မယ့်သားလို့

ပုဏ္ဏားတော်များ ဟောကြားခဲ့တာ

ဖခင် ဘုရင်ကြီးမှာ

မကြားလိုပါ မကြား..လိုပါ

သတ်လိုလျှင် သတ်ပါစေတော့

မလျော့သော မေတ္တာတွေပါ

သီတာ ရေစင်ပမာ

တသွင်သွင် စီးကျလေတာ

.....solo.....

.........go..

သတ်ရန် ဝေလာဝေး

သားတော်လေးရဲ့လက်မှာ

ခူနာ ပေါက်တဲ့အခါ

အနာပြည်ကိုက်ကာ

ရှိုက်ကာ ငိုကြွေးပါလို့

မအိပ်နိုင် မစားနိုင်

တမှိုင်မှိုင် ငေးနေရရှာ

ဗိမ္မိသာရ ချစ်လှတဲ့ဘုရင်ကြီး.ခမျာ

ရင်နှစ်သည်းချာ

သားတော်ရဲ့ ဝေဒနာကိုသာ

သက်သာစေဖို့ အာခံတွင်းထဲမှာ

သွင်းကာ ငုံထားတာ

အနာပြည် မှည့်လေသောအခါ

....

အာခံတွင်းထဲမှာ အာခံတွင်းထဲမှာ

ပေါက် ပြန်လေတော့တာ..

.....

ဖခင်မှာ မျိုကာချရှာ

သားလှလေး ချစ်ရေးပိုစွာ

ကြီးမားတဲ့ ထိုမေတ္တာ

ကြီးမား.လှတဲ့ ထိုမေတ္တာ

သီတာရေစင် ပမာ

တသွင်သွင် စီး.ကျလေတာ

MinKhent

More From နီနီဝင်းရွှေ

See alllogo
သီတာရေစင် by နီနီဝင်းရွှေ - Lyrics & Covers