menu-iconlogo
huatong
huatong
avatar

ရန်ကုန်သားလေးကျွန်တော်ပါ NandaAyeYar

နန္ဒဧရာhuatong
Mr_USoehuatong
Lyrics
Recordings
ရန်ကုန်သားလေးကျွန်တော်ပါ

နန္ဒဧရာ

.........

မြန်မာပြည်အနှံ့ လျှောက်လို့သာ

ဂစ်တာလေးလဲပိုက်ကာ

ရောက်ခဲ့ဖူးတဲ့မြို့တွေမှာ

ရန်ကုန်သားလေးကျနော်ပါ

လေယာဉ်ပျံကြီးစီးလို့သာ

ဂစ်တာလေးနဲ့လိုက်ခဲ့တာ

ဂန့်ဂေါမြို့ရဲ့တစ်နေရာ

ဂစ်တာတီးတဲ့ ကောင်လေး

.... ....

တောင်ပေါ်မြေက ယောမြို့မှာ

နေရာအနှံ့လျှောက် သွားခဲ့တာ

ရေချိုးဆိပ်ရဲ့ တစ်နေရာ

ထိုင်ကာငေးလို့ နေချိန်မှာ

အော်တိုစာအုပ်ကလေး ပြကာ

သူလာပေးလို့ ရေးရတာ

စကားပြောတော့ ဝဲဝဲပါ

ရေလာခပ်တဲ့ ကောင်မလေး...

.... ....

ဖြူစင်သန့်ရှင်း ချစ်ချစ်စရာ

သဘောထားလည်း ကောင်းကြတာ

ယောမြို့က အပြန်မှာ

မော်တော်ကားနဲ့ ကြုံလာတာ

တောင်ပေါ်မြေက ဖြတ်လို့သာ

နေပူပြင်းပြင်း ထဲမှာ

ပင်ပန်းလှပေါ့ ဒီတစ်ခါ

ဂစ်တာတီးတဲ့ ကောင်လေး..

Music

မန္တလာမြေလည်း ရောက်လို့လာ

မရောက်ဘူးလို့ လျှောက်ကြည့်တာ

မြင်းလှည်းခတော့ မသက်သာ

ဘုရားကြီးက အပြန်မှာ

ဒီတစ်ခါတော့ ဈေးချိုမှာ

ပစ္စည်းလေးများ မေးကြည့်တာ

လေဟာပြင်ထက် ဈေးကြီးတာ

မဝယ်ပဲနောက်ကောက် ပြန်ပြေး..

.... ....

ဘူတာရုံထဲ သွားလို့သာ

ရထားလက်မှတ် မေးကာ

မန္တလေးက အပြန်မှာ

တောင်ငူတစ်ခေါက် ဝင်လည်တာ

တီတီစီထဲ ရောက်လို့ပါ

သူငယ်ချင်းများနဲ့ တွေ့ရတာ

မိန်းမလှကျွန်းလို့ ခေါ်မယ်ကွာ

သူတို့မြို့က နေရာလေး..

.... ....

တောင်ငူမြေက ထွက်လို့ခွါ

ရန်ကုန်မြို့သို့ ရောက်ခဲ့တာ

ဒီတစ်ခေါက်သွားလို့ ကြာနေတာ

မာမီကလည်း မကြည်ပါ

ကြုံကြိုက်တုန်းမို့ ဝင်လည်တာ

ဒီတစ်ခါခွင့်လွှတ် လိုက်ပါ

မချစ်ဘူးလားကွယ့် မာမီရေ

ဂစ်တာတီးတဲ့ ကောင်လေး

....

More From နန္ဒဧရာ

See alllogo