menu-iconlogo
huatong
huatong
avatar

အမေ့မျက်ရည်ကြွေမှာစိုး

ပန်းအိဖြူhuatong
rebelicious69_1huatong
Lyrics
Recordings
အမေ့မျက်ရည်ကြွေမှာစိုး

မင်းဂျွန်စိုး

ဆို ပန်းအိဖြူ

နှိုင်းတုစရာ မရှိသော မေတ္တာ

အမေ့ရဲ့ နွေးသော ရင်ခွင်ထဲကို

သမီး ပြန်လာခွင့် ရချင်ပြီ ...

ညညဆို အမေ ချော့သိပ်တဲ့

တေးသွားလေး တပုဒ်

ပြန်လည်ကြား ယောင်

အမေ့ကို ညတိုင်း ဦးခိုက်ရင်း ..

အမေ့ ကျေးဇူးတရား ...

သမီး တစ်နေ့မှာ ပြန်ဆပ်ခွင့်ကိုသာ

သမီးဘ၀မှာ မျှော်လင့်ထားဆုံး အရာ

လွမ်းလို့ရယ် မငိုလိုက်နဲ့ အမေ

မိဘမျက်ရည် ကြွေမှာစိုးတယ်

သမီးလိမ္မာတစ်ယောက် ဖြစ်ချင်တယ် ...

အမေ့အရိပ်ကို စွန့်သွားခဲ့သူ

သမီးလည်းတစ်နေ့မှ မပျော်ပါဘူး အမေ

သမီးယုံကြည်ချက် အနုပညာ

ဒီလမ်း ပေါ်မှာ ..

ဘ၀အဓိပ္ပါယ်ဆန်တဲ့ သီချင်းတွေဆို ..

သမီး ဘ၀ဟာ

တကယ်တော့ သီချင်းတစ်ပုဒ်ပါ ...။

ဒီ ကမ္ဘာ မှာ ..

အစားထိုးစရာ မရှိတဲ့မေတ္တာ

ကမ္ဘာ တည်နေ

ပုခက်လွှဲသော လက်ရှင် ကျေးဇူးရှင်

အောင်မြင် ချိန် ..

ရောက်တော့မယ့် မနက်ဖြန်တိုင်းမှာ

မေမေ ရယ် ..

မငိုဖြစ်တဲ့ အလွမ်းနဲ့ကြိုနှင့်ပါ ...။

ကျောသပ်ကာ အမေချော့ခဲ့စဉ်

အပြစ်မဲ့ကလေးဘ၀ နှစ်ခါပြန်မရတောင်

အမေ့ရင်ခွင်နဲ့ မဝေးချင် ဘူး ...

အခုလောက်ဆို တစ်ယောက်တည်းအမေ့မှာ

သမီးတို့ကျေးလက် စေတီလေးမှာ

နေ့စဉ် ဆုတောင်း ပေးနေရှာ ...

ရင်၌ဖြစ် သော ...

သမီးအတွက်ရယ် ရတက်မအေးတဲ့အမေရယ်

အမေ့အရိပ်သာ ထာဝရ အေးချမ်းတယ် ...

လွမ်းလို့ရယ် မငိုလိုက်နဲ့ အမေ

မိဘမျက်ရည် ကြွေမှာစိုးတယ်

သမီးလိမ္မာတစ်ယောက် ဖြစ်ချင်တယ် ...

အမေ့အရိပ်ကို စွန့်သွားခဲ့သူ

သမီးလည်းတစ်နေ့မှ မပျော်ပါဘူး အမေ

သမီးယုံကြည်ချက် အနုပညာ

ဒီလမ်း ပေါ်မှာ ..

ဘ၀အဓိပ္ပါယ်ဆန်တဲ့ သီချင်းတွေဆို ..

သမီး ဘ၀ဟာ

တကယ်တော့ သီချင်းတစ်ပုဒ်ပါ ...။

ဒီ ကမ္ဘာ မှာ ..

အစားထိုးစရာ မရှိတဲ့မေတ္တာ

ကမ္ဘာ တည်နေ

ပုခက်လွှဲသော လက်ရှင် ကျေးဇူးရှင်

အောင်မြင် ချိန် ..

ရောက်တော့မယ့် မနက်ဖြန်တိုင်းမှာ

မေမေ ရယ် ..

မငိုဖြစ်တဲ့ အလွမ်းနဲ့ကြိုနှင့်ပါ ...။

Thanks All

More From ပန်းအိဖြူ

See alllogo