သဇင်တွေပွင့်ချိန်ရောက်ရင်
သဇင်ပန်းကိုမြတ်နိုးရတယ်
တော်ဝင်ပန်းလေးမို့
ပင်မြင့်မှာကြိုင်လှိုင်နေတယ်
မခြွေရက်မခူးရက်ဖူးကွယ်
နန်းမြင့်နွယ်ချစ်သူလေးမို့
မမြင်ရရင်လည်း
ဟေမာန်ဆောင်းအလှနဲ့
ညရဲ့ကမ္ဘာအလယ်
တမ်းတမ်းတတ မက်မောမိတယ်
သဇင်ချစ်သူရယ်
ခူးခက်ခက်စိတ်သောကတွေလွယ်
သဇင်သဇင်
ပင်မြင့်စံပန်းလေးမို့ကွယ်
အဝေးကလှမ်းလို့ချစ်မိလိုက်တယ်
ရာဇဝင်တွေထဲမှာ
ရှေးဘုရင်များနန်းသုံးပန်းမို့
ကြွားကြွားဝင့်ထယ်ထယ်
မေလည်းဒီတိုင်းပဲကွယ်
သဇင်လိုမောင့်ကိုချစ်တယ်
သဇင်လိုမောင့်ကိုမှန်းရွယ်
သဇင်ကြွယ်ချစ်သူလေးရယ်
မောင့်ဘဝအသချေင်္
ရေမြေဆုံးတစ်သက်တိုင်
ပင်မြင့်မှာလန်းဆန်းလို့ရယ်
မွှေးရနံ့တွေကြွယ်
ဂုဏ်သတင်းဆောင်တယ်
ပင်မြင့်ထက်စံတော်ဝင်ရွှေသဇင်ရယ်
သဇင်တွေပွင့်ချိန်ရောက်ရင်
သဇင်ပန်းကိုမြတ်နိုးရတယ်
တော်ဝင်ပန်းလေးမို့
ပင်မြင့်မှာကြိုင်လှိုင်နေတယ်
မခြွေရက်မခူးရက်ဖူးကွယ်
နန်းမြင့်နွယ်ချစ်သူလေးမို့
မမြင်ရရင်လည်း
ဟေမာန်ဆောင်းအလှနဲ့
ညရဲ့ကမ္ဘာအလယ်
တမ်းတမ်းတတ မက်မောမိတယ်
သဇင်ချစ်သူရယ်
ခူးခက်ခက်စိတ်သောကတွေလွယ်
သဇင်သဇင်
ပင်မြင့်စံပန်းလေးမို့ကွယ်
အဝေးကလှမ်းလို့ချစ်မိလိုက်တယ်
ရာဇဝင်တွေထဲမှာ
ရှေးဘုရင်များနန်းသုံးပန်းမို့
ကြွားကြွားဝင့်ထယ်ထယ်
မေလည်းဒီတိုင်းပဲကွယ်
သဇင်လိုမောင့်ကိုချစ်တယ်
သဇင်လိုမောင့်ကိုမှန်းရွယ်
သဇင်ကြွယ်ချစ်သူလေးရယ်
မောင့်ဘဝအသချေင်္
ရေမြေဆုံးတစ်သက်တိုင်
ပင်မြင့်မှာလန်းဆန်းလို့ရယ်
မွှေးရနံ့တွေကြွယ်
ဂုဏ်သတင်းဆောင်တယ်
ပင်မြင့်ထက်စံတော်ဝင်ရွှေသဇင်ရယ်