မွေးရပ်မြေမှာပြန်ဆုံမယ်
တေးရေး ဇော်အေးထွန်း
တေးဆို ပိုးအိစံ
ရွာအဝင်လမ်းက ချောင်းနံဘေး
လေနုအေးလေး ပြေးဆော့ကျီစယ်နေ
တိမ်အရောင်ခြယ် ညနေဆည်းဆာ
ချစ်သူကို ရင်ထဲပိုလွမ်းစေ
ကိုယ့်ရွာ ကိုယ့်မြေ
မမေ့သေးရင်တော့ ပြန်ခဲ့ပေါ့လေ
မေ့မှာလေ မျှော်စောင့်မိနေ
နေရပ်လေးမှ ပြန်ဆုံချင်ပေ
မွေးရပ်မြေ စွန့်ခွာသွားတဲ့
အဝေးရောက်တဲ့ ချစ်သူပြန်လာလေ
ရွာအဝင်လမ်းက ချောင်းနံဘေး
လေနုအေးလေး ပြေးဆော့ကျီစယ်နေ
တိမ်အရောင်ခြယ် ညနေဆည်းဆာ
ချစ်သူကို ရင်ထဲပိုလွမ်းစေ
ကိုယ့်ရွာ ကိုယ့်မြေ
မမေ့သေးရင်တော့ ပြန်ခဲ့ပေါ့လေ
မေ့မှာလေ မျှော်စောင့်မိနေ
နေရပ်လေးမှ ပြန်ဆုံချင်ပေ
မွေးရပ်မြေ စွန့်ခွာသွားတဲ့
အဝေးရောက်တဲ့ ချစ်သူပြန်လာလေ
လွမ်းနေ လွမ်းနေ
တိမ်ရောင်ခြယ်သောညနေ
မျက်ရည်စက်နဲ့ ချစ်ခြင်းသက်သေ
မျက်ရည်စက်နဲ့ အဖော်ပြုလို့နေ
အချစ်ဦးပေးသော ရင်မှာဝေဒနာနွေ
ပူလောင်စေသော ညနေ
ချစ်လို့ပျိုးတဲ့ ချစ်ပန်းခင်းမြေ
ချစ်လို့မွှေးတဲ့ ချစ်ပန်းရနံ့လေ
ပြန်တွေးမိတော့ ပုံပြင်ဆန်ဆန်လေ
ယုံစားတာ တို့များမှားနေ
ပုံးရှောင်နေလား ငယ်ချစ်မိတ်ဆွေ
အချစ်သစ္စာ အလှပျက်နွမ်းကြွေ
အထီးကျန်သူဘဝမှာ မျက်ဝန်းဆွေး
ရင်ထဲအလွမ်းတွေ ပန်းသီကာနေ
မောင့်အပြန်လမ်းကို နေ့တိုင်းစောင့်နေ
ရင်ထဲအလှပန်း ခြွေသောရက်ရှည်
လွမ်းသူရင် အေးမြသွားအောင်
အဝေးရောက်တဲ့ချစ်သူ ပြန်လာလေ
ရွာအဝင်လမ်းက ချောင်းနံဘေး
လေနုအေးလေး ပြေးဆော့ကျီစယ်နေ
တိမ်အရောင်ခြယ် ညနေဆည်းဆာ
ချစ်သူကို ရင်ထဲပိုလွမ်းစေ
ကိုယ့်ရွာ ကိုယ့်မြေ
မမေ့သေးရင်တော့ ပြန်ခဲ့ပေါ့လေ
မေ့မှာလေ မျှော်စောင့်မိနေ
နေရပ်လေးမှ ပြန်ဆုံချင်ပေ
မွေးရပ်မြေ စွန့်ခွာသွားတဲ့
အဝေးရောက်တဲ့ ချစ်သူပြန်လာလေ
လွမ်းနေ လွမ်းနေ
တိမ်ရောင်ခြယ်သောညနေ
မျက်ရည်စက်နဲ့ ချစ်ခြင်းသက်သေ
မျက်ရည်စက်နဲ့ အဖော်ပြုလို့နေ
အချစ်ဦးပေးသော ရင်မှာဝေဒနာနွေ
ပူလောင်စေသော ညနေ
ချစ်လို့ပျိုးတဲ့ ချစ်ပန်းခင်းမြေ
ချစ်လို့မွှေးတဲ့ ချစ်ပန်းရနံ့လေ
ပြန်တွေးမိတော့ ပုံပြင်ဆန်ဆန်လေ
ယုံစားတာ တို့များမှားနေ
ပုံးရှောင်နေလား ငယ်ချစ်မိတ်ဆွေ
အချစ်သစ္စာ အလှပျက်နွမ်းကြွေ
အထီးကျန်သူဘဝမှာ မျက်ဝန်းဆွေး
ရင်ထဲအလွမ်းတွေ ပန်းသီကာနေ
မောင့်အပြန်လမ်းကို နေ့တိုင်းစောင့်နေ
ရင်ထဲအလှပန်း ခြွေသောရက်ရှည်
လွမ်းသူရင် အေးမြသွားအောင်
အဝေးရောက်တဲ့ချစ်သူ ပြန်လာလေ