မောင့်ဘ၀ဗေဒါ
လှိုင်းကြားမှာလွန့်လူးလို့
တရွေ့ရွေ့နဲ့ပန်းကလေးဗေဒါ
အဖော်လည်းမပါတစ်ကိုယ်တည်း မျှောလို့နေရှာ
ကမ်းခြေနဲ့ဝေးခဲ့ရတာ
လှိုင်းပုတ်လို့ဒီချောင်းရေနဲ့ပါ
အုန်းလက်ညိုသူ့နံဘေး
အားကိုးလို့တစ်မှေးအိပ်ပြန်ရာ
မကြာလိုက်ပါလှေငယ်လေး တိုက်မိပြန်ရာ
ခွဲခွါလို့သွားခဲ့ရရှာ
မငြိမ်းချမ်းတဲ့ဘ၀လေးပါ
ဗေဒါ ဗေဒါ ပန်းကလေးဗေဒါ
ဗေဒါ ဗေဒါ ဗေဒါ ဗေဒါ ပန်းကလေးဗေဒါ
ရေဆန်မှာ ဆန်တက်လို့ ရေစုန်မှာသက်ဆင်းရရှာ
မျောလေ မျောလေ ဝေးနေပြန်ရာ
ကမ်းမမြင် လမ်းမမြင် ခရီးဆက်နှင်ကာ
ဒိုက်ပုံလေးတွေအဝေးကိုဖယ်ခွါ
သူ့ရဲ့နံဘေးမှာ တစ်ယောက်မှအဖော်မပါ
မောင့်ဘ၀ကိုယှဉ်နှိုင်းတော့
ပုံခိုင်းပေါ့ပန်းကလေးဗေဒါ
အဖော်မဲ့ကာတစ်ကိုယ်တည်း ဘ၀အလှကိုရှာ
ချစ်လိုလျက်ဝေးခဲ့ရတာ
ချစ်ခဲ့သမျှအိပ်မက်ပမာသို့သာ ..
MUSIC
လှိုင်းကြားမှာလွန့်လူးလို့
တရွေ့ရွေ့နဲ့ပန်းကလေးဗေဒါ
အဖော်လည်းမပါတစ်ကိုယ်တည်း မျှောလို့နေရှာ
ကမ်းခြေနဲ့ဝေးခဲ့ရတာ
လှိုင်းပုတ်လို့ဒီချောင်းရေနဲ့ပါ
အုန်းလက်ညိုသူ့နံဘေး
အားကိုးလို့တစ်မှေးအိပ်ပြန်ရာ
မကြာလိုက်ပါလှေငယ်လေး တိုက်မိပြန်ရာ
ခွဲခွါလို့သွားခဲ့ရရှာ
မငြိမ်းချမ်းတဲ့ဘ၀လေးပါ
ဗေဒါ ဗေဒါ ပန်းကလေးဗေဒါ
ဗေဒါ ဗေဒါ ဗေဒါ ဗေဒါ ပန်းကလေးဗေဒါ
ရေဆန်မှာ ဆန်တက်လို့ ရေစုန်မှာသက်ဆင်းရရှာ
မျောလေ မျောလေ ဝေးနေပြန်ရာ
ကမ်းမမြင် လမ်းမမြင် ခရီးဆက်နှင်ကာ
ဒိုက်ပုံလေးတွေအဝေးကိုဖယ်ခွါ
သူ့ရဲ့နံဘေးမှာ တစ်ယောက်မှအဖော်မပါ
မောင့်ဘ၀ကိုယှဉ်နှိုင်းတော့
ပုံခိုင်းပေါ့ပန်းကလေးဗေဒါ
အဖော်မဲ့ကာတစ်ကိုယ်တည်း ဘ၀အလှကိုရှာ
ချစ်လိုလျက်ဝေးခဲ့ရတာ
ချစ်ခဲ့သမျှအိပ်မက်ပမာသို့သာ ..
ကျေးဇူးတင်ပါတယ်