menu-iconlogo
huatong
huatong
avatar

ချစ်ဖူးခဲ့သမျှ

ပုုိပုုိhuatong
nicklepperhuatong
Lyrics
Recordings
သီချင်း - ချစ်ဖူးခဲ့သမျှ

တေးဆို - ပိုပို ၊ စည်သူမင်း

ငါထားခဲ့ပြီမဟုတ်လား

နင်မေ့လိုက်ပါတော့ကွာ

သတိရမယ့်အကြောင်းတွေကို

နင်ပြန်မတွေးနဲ့

အရင်အတိုင်းပဲလား

မမေ့သေးဘူးလား

ငါတောင်ချစ်လျက်နဲ့မုန်းပစ်ခဲ့တာ

မြတ်နိုးခဲ့သမျှ ချစ်ဖူးခဲ့သမျှ

ကြာရင်မင်းတစ်ယောက်မေ့နိုင်သွားမှာ

အချစ်ကအရေးမကြီးမှန်းကို နင်

တစ်နေ့နေ့တော့ နားလည်မှာပါ

မင်းလေးထားပစ်ခဲ့တာငါတကယ်မယုံနိုင်သေး

ရက်စက်လိုက်တာ

ပြောမထွက်ခဲ့ပါ

ဘာကြောင့်မုန်းသွားလဲ မသိနိုင်သေးပါ

မနေ့တစ်နေ့ကလိုအဖြစ်မျိူးနဲ့

အိုခြောက်လှန့်ဆဲ မင်းပုံရိပ်များ

ချစ်ဖူးခဲ့သမျှ နောင်တမရပါ

တစ်နေ့နေ့တော့နင်ပြန်လာပါ

တို့ဝေးခဲ့ပြီမဟုတ်လား

နင်မေ့လိုက်ပါတော့ကွာ

အတားအဆီးများခြားနေတယ်ဒီကမ္ဘာကြီးက

နံရံတံတိုင်းများခြားကာဆီးလို့ထား

ကံကြမ္မာက ဘဝဇာတ်ဆရာတဲ့လား

ငါမုန်းတတ်ဖို့ ငါမေ့တတ်ဖို့

သေအောင်ကြိုးစားရင်းနှီးခဲ့တာ

မင်းအတွက်မဟုတ်တဲ့ငါ့ကိုနင်

တစ်နေ့နေ့တော့မေ့နိုင်ပါ

မင်းမရှိတော့တဲ့နေ့တွေ ငါလေမနေတတ်သေး

သတိရမိတာ မင်းရဲ့အနမ်းပါ

ပုံမှန်မဟုတ်တော့တဲ့ ငါ့ရဲ့အတွေးများ

စိတ္တဇညတွေကုန်ဆုံးဖို့

တစ်နေ့နေ့တော့ပြန်လာပေးပါ

မျှော်လင့်ချက်များ ငါအသက်ရှိသမျှ

အို..မင်းပဲဖြစ်နေမှာပါ

မင်းမရှိတော့တဲ့နေ့တွေ

ငါလေမနေတတ်သေး

အရင်အတိုင်းပဲလား မမေ့သေးဘူးလား

ငါတောင်ချစ်လျက်နဲ့မုန်းပစ်ခဲ့တာ

့မြတ်နိုးခဲ့သမျှ ချစ်ဖူးခဲ့သမျှ

ကြာရင်မင်းတစ်ယောက်မေ့နိုင်သွားမှာ

ချစ်ဖူးခဲ့သမျှ နောင်တမရပါ

တစ်နေ့နေ့တော့နင်ပြန်လာပါ

More From ပုုိပုုိ

See alllogo