menu-iconlogo
huatong
huatong
avatar

ချစ်ရတဲ့သူ

ဖိုးကာhuatong
marzach1huatong
Lyrics
Recordings
ချစ်ရတဲ့သူရေ

မျက်လုံးလေးများဝှေ့ကာ

ခေါ်နေတာကိုလှည့်ကြည့်ပါဦး

အားလုံးနဲ့ယှဉ်ရင်

နှိုင်းတုလို့မရတာ..

တိုင်တည်ကာလေပြောလိုက်ချင်တယ်

ချစ်ရတဲ့သူရေ

လမ်းခွဲဖို့ မပြောနဲ့

ဒီကမ္ဘာမှာမင်းတယောက်ပါပဲ…

အားလုံးပြိုင်ရင် နှိုင်းတုလို့မရတာ

တိုင်တည်ကာလေ ပြောလိုက်ချင်တယ်

ကိုယ်ဟာလေ

ရိုးသားလွန်းအားကြီးလွန်းလို့

ကြင်နာသူပြောသမျှ အားလုံးအဟုတ်ထင်

ကျီစယ်ကာပြောလို့ပြောမှန်းလည်း

မသိလိုက်ဘူးကွယ်

မာယာတွေသုံးပြီးမုန်းပစ်လိုက်တဲ့

ရည်ရွယ်သူနောက်တယောက်

ပြောင်းပြီးချစ်တဲ့

မစာနာမင်းညှင်းရက်တာလား…အား..ဟား ဟား

ချစ်ရတဲ့သူရေ

မျက်လုံးလေးများဝှေ့ကာ

ခေါ်နေတာကိုလှည့်ကြည့်…ပါဦး

အားလုံးနဲ့ယှဉ်ရင်

နှိုင်းတုလို့မရတာ..

တိုင်တည်ကာလေပြောလိုက်ချင်တယ်

တကယ်ဆိုမင်းလေးသိဖို့ကောင်းရဲ့

ဒီလူဟာ အသည်းရိုင်းပန်းလေးတပွင့်မို့…

ရည်ရွယ်ကာ ဘဝတခုလုံးအတွက်လို့…

သိရက်နဲ့ကွယ်…

မာယာတွေသုံးပြီးမုန်းပစ်လိုက်တဲ့

ရည်ရွယ်သူနောက်တယောက်

ပြောင်း ပြီးချစ်တဲ့

ရင်နာအောင်မင်း…လုပ်ရက်တာလား..အားဟားဟား

ချစ်ရတဲ့သူရေ

လမ်းခွဲဖို့ မပြောနဲ့

ဒီကမ္ဘာမှာမင်းတယောက်ပါပဲ

အားလုံးပြိုင်ရင် နှိုင်းတုလို့မရတာ

တိုင်တည်ကာလေ .ပြောလိုက်ချင်တယ်

ချစ်ရတဲ့သူရေ

မျက်လုံးလေးများဝှေ့ကာ

ခေါ်နေတာကိုလှည့်ကြည့်…ပါဦး

အားလုံးနဲ့ယှဉ်ရင် နှိုင်းတုလို့မရတာ

တိုင်တည်ကာလေ ပြောလိုက်ချင်တယ် thanks

More From ဖိုးကာ

See alllogo