ရောက်လာချိန်မှာတော့
အဆင်သင့်ဖြစ်အောင်
အမြဲတမ်းလည်းရှင်းလင်းထားပါတယ်
ဝေးနေပါသော်လည်း
မျှော်လင့်ဆဲပါ
ပြက္ခဒိန်စာရွက်များ
တစ်ရွက်စီလွန်ပေမယ့်
မင်းအတွက်ရင်မှာ တစ်နေရာစာ
ကိုယ်ဦးထားတယ် အိုး အချစ်ရယ်
အလွမ်းတွေမြုံနေတဲ့ စိတ်ကူးများ
ညညကျ အိပ်မက်ဖြစ်လာတော့
လှိုက်ဖိုရင်ခုန်ခြင်း မနက်ခင်းတိုင်း
အနမ်းတွေ ဝေဆာတဲ့
အတိတ်မှာ နေထိုင်ရင်း
မင်းအတွက်ရင်မှာ တစ်နေရာစာ
ကိုယ်သိမ်းထားတယ် အိုး အချစ်ရယ်
နေမယ်မနေဘူးကတော့
မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့ အကြောင်းတရားတို့
ဖိစီးသည့်တိုင်
သေချာတဲ့သည်နေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
သိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့ အချိန်တွေကလည်း
သိပ်ကြာပြီ
.........
အချစ်ဆိုတာဟာလည်းခက်သားလားကွယ်
ရှင်းပြတိုင်း မရတဲ့ပုစ္ဆာလို
ဝေးနေပါသော်လည်း မရဘူးလို့ထင်
လွမ်းနေပေမဲ့လည်း မေ့ပြီထင်သူရယ်
မင်းအတွက်ရင်မှာ
တစ်နေရာစာချန်ထားဆဲပါ
အိုး အချစ်ရယ်
နေမယ်မနေဘူးကတော့
မင်းရဲ့သဘောပါ
သေချာတဲ့နေရာက ရှိခဲ့ပြီ
မရေရာတဲ့ အကြောင်းတရားတို့
ဖိစီးသည့်တိုင်
သေချာတဲ့သည်နေ့ထိထက်တိုင်
ဖန်တီးလို့မရတဲ့နေရာကို
ဖျက်ဆီးလို့မရတဲ့နေရာကို
သိမ်းထားခဲ့တာကြာပါပြီ
ဦးထားခဲ့တာကြာပါပြီ
စောင့်စားခဲ့တဲ့ အချိန်တွေကလည်း
သိပ်ကြာပြီ
Thank you
........