menu-iconlogo
huatong
huatong
--cover-image

ရိုးရိုးလေး

ဗျူဟာhuatong
prevacid1huatong
Lyrics
Recordings
Uploader >> YadanarMoe

ရိုးရိုးလေးလှတဲ့ မင်းမို့

ရိုးရိုးလေး ချစ်ခဲ့မိလို့

ရိုးရိုးလေး နှုတ်ဆက်လမ်းဟာ

တိုးတိုးလေး ပြီးဆုံးသွားတာ

ရိုးရိုးလေး ပတ်သက်ခဲ့လည်း

ရိုးရိုးလေး ရက်စက်ခဲ့လည်း

ရိုးရိုးလေး အသည်းကွဲသွားတော့

ရိုးရိုးလေး ရူးခဲ့ရတယ်..

ဆန်းဆန်းပြားပြားချစ်ရင်..

မင်းလေး လက်ခံမလား

ရမ်းရမ်းကားကားချစ်ရင်

မင်းအတွက် နစ်နာမလား

ဆိုတဲ့ အတွေး...နဲ့

ပညာတွေ တတ်ရဲ့သားနဲ့ မသုံးခဲ့ပါဘူး

နင်အဆာပြေရက်စက်သွားလို့ အရှုံးနဲ့ငါရူး

ဘာမှ မသိတော့ဘူး

နင်တကယ်ကို မရှိတော့ဘူး

လည်ပြန်ငါ မကြည့်တော့ဘူး

ဒီမှာ ငါရူး....

ပညာတွေ တတ်ရဲ့သားနဲ့ မသုံးခဲ့ပါဘူး

အစဉ်အလာတွေ သတ်မှတ်ထားလို့ မရုန်းခဲ့ပါဘူး

ငါဟာ တုံးအသူ ဘာမှ အသုံးမကျဘူး

မာယာအပြုံးအလှတစ်ခုမှာ

အခါခါ ရှုံး..ရ..သူ..

နင်လုံးဝ မမိုက်ဘူးဟာ

လုပ်ရက်တယ် ငါ့နှလုံးသားကို

နင့်စိတ်ကြိုက် ခဏအသုံးချလို့

ဖြစ်ရပြီ ငါအရှုံးသမား

ချစ်မယ် တစ်ဘဝလုံးစာလို့

သံဓိဌာန် ချတုန်းမှာ

ရွှေလက သာတုန်းခဏ

နင့်အချိုးတွေ ဘာတုန်းဟာ

သူတက်တဲ့ ကျူရှင်တစ်ခု

အိမ်ပြန်လမ်းမှာ လူမမြင်ဘူး

ချိန်းတွေ့ရင် မူချင်မူ

ငါ ဒါလည်းအခွင့်ရေးမယူချင်သူ

မိဘတွေ ဆူချင်ဆူ

အိမ်ပြန်နောက်ကျ စိတ်ပူချင်ပူ

နင်ကြိုက်တာလုပ်

ငါက နင်နဲ့အကြိုက်ချင်း တူချင်သူ

လိုအင်ဆန္ဒများတဲ့ ငါကပုရိသယောကျာ်း

နင်နဲ့ ချိန်းတွေ့တိုင်း

ငါ့ရဲ့ရိုးသားတဲ့စိတ်က ဖောက်ပြား

ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့

ဖြစ်ချင်တာတွေကို အောင့်ထား

ငါ့ကြောင့်နစ်နာ သွားခဲ့သလား

ငါ့ကြောင့်နစ်နာသွားမယ်တအား

ကဲ အပြစ်ရှာသွားခဲ့လား

ငါက မခုပ်တတ်တဲ့ကြောင်ဆိုပြီးတော့

ပစ်ခွာသွားခဲ့သလား

ဘာဘာညာညာတွေ မပါတဲ့အချစ်က

အနှစ်သာရမဲ့လား ပြောပါ

ဇွန်းမပါတဲ့ လက်ဖက်ရည်တစ်ခွက်လို

အချစ်နဲ့ မင်းကိုချစ်တာ မှားခဲ့လား

ပညာတွေ တတ်ရဲ့သားနဲ့ မသုံးခဲ့ပါဘူး

နင်အဆာပြေရက်စက်သွားလို့ အရှုံးနဲ့ငါရူး

ဘာမှ မသိတော့ဘူး

နင်တကယ်ကို မရှိတော့ဘူး

လည်ပြန်ငါ မကြည့်တော့ဘူး

ဒီမှာ ငါရူး..

ပညာတွေ တတ်ရဲ့သားနဲ့ မသုံးခဲ့ပါဘူး

အစဉ်အလာတွေ သတ်မှတ်ထားလို့ မရုန်းခဲ့ပါဘူး

ငါဟာ တုံးအသူ ဘာမှ အသုံးမကျဘူး

မာယာအပြုံးအလှတစ်ခုမှာ

အခါခါ ရှုံး..ရ..သူ..

အတူတူတွဲတာ အချိန်ကြာလာမှ

ပစ်ခွာသွားတာမျိုးဆို

ဆယ်ကျော်သက်အရွယ်တုန်းကလိုပဲ

အချစ်နာကျတာမို့

မေတ္တာထားပါဆိုမှ သူကသစ္စာမထားတာကို

ငါ့ကိုယ်ငါ ထိန်းချုပ်လာတာ

နစ်နာသွားမှာစိုးလို့ ရိုးတဲ့အတဲ့ကောင်လေး

ငါ့ကိုတရားသမားပဲထားပါ

အခုနောက်တစ်ယောက်နဲ့တွဲနေပြီတဲ့

နားများလည်းခါးတာ

ချစ်လွန်းလို့စောင့်ထိန်းခဲ့တာ မှားသွားခဲ့လား

ငါက နင့်အတွက်ဆိုရင် တကယ်က

အသားမစားတဲ့ ကျားပါ

မင်းပြောတဲ့အချစ်ဆိုတာက မုသားပဲများတယ်

အထာတွေဘာတွေ မနပ်တဲ့ငါက

အထူအပါးလည်း နားမလည်

လူကြားထဲသွားလည်းနင့်ကို

ခါးဖက်ကာ မတွဲတတ်လို့

သူငါ့ကို ဖြတ်တဲ့အမှုက

အနားကပ်ကာ မချွဲတတ်လို့

ငါတန်ဖိုးထားခဲ့သမျှက ဆိုး ကျိုးတွေဖြစ်နေလို့

အသည်းတွေလည်းကွဲပြီခုတော့

မိုးကြိုးတွေ ပစ်နေသလို

ကြိုက်တုန်းကကြိုက်ပြီး

ခုမှအမျိုးမျိုးတွေ ဖြစ်နေလို့

အရေးကြီးတာ ငါကနင့်ကို

ရိုးရိုးလေး ချစ်နေဖို့

ပညာတွေ တတ်ရဲ့သားနဲ့ မသုံးခဲ့ပါဘူး

နင်အဆာပြေရက်စက်သွားလို့ အရှုံးနဲ့ငါရူး..

ဘာမှ မသိတော့ဘူး..

More From ဗျူဟာ

See alllogo