menu-iconlogo
huatong
huatong
avatar

ဆန်ရေ

ဘိုျဖဴhuatong
smitty1967huatong
Lyrics
Recordings
ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့

ဘယ်လောကီ လူ့ပညာ မတတ်နိုင်စွမ်းသာ

လောက ဓမ္မတာ

မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ

မွေးအမေရဲ့ မြတ်ကျေးဇူးတွေ

ဆပ်လို့ မကုန်ဘူး..

ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့

ဘယ်လောကီ လူ့ပညာ မတတ်နိုင်စွမ်းသာ

လောက ဓမ္မတာ

မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ

မွေးအမေရဲ့ မြတ်ကျေးဇူးတွေ

ဆပ်လို့ မကုန်ဘူး..

နားခိုဖို့ ရင်ခွင်..

နွေးထွေးတဲ့ မေတ္တာ..

ငတ်ခဲ့သူ တစ်ယောက်မှာ..

ရှားသဲလွန် စနောက်

လိုက်ဦးမယ့် မိဘနှစ်ပါးကို

တွေ့ရင်တော့ ရှိသမျှအားနဲ့

လုပ်ကျွေးမယ်လို့..

ရေဆိုတာ စုန်ဆင်းမြဲ

ရေဆိုတာ ဆန်ရိုး မရှိတယ်

ပြောပေမယ့်လည်း...

ဆည်မှန်ရင် ဆဏလေးတားလို့

လူကြုံရင် ခဏလေးရပ်လို့

အမြင့်ပို့နိုင်ရဲ့..

တရားဓမ္မပွဲဝိုင်းလို့ရယ်

အရာတိုင်းမှာပြည့်စုံစွာ ထားနိုင်ဖို့ရာ

သားကြိုးစားမှာ

အမေ့ရွာကို နောက်ဆုံးမသွားခင်

တရားရွှေရိပ် အောက်ငြိမ်းချမ်းမှု

ရသွားစေချင်..

သံသရာမှာ ဆွေမျိုးစပ်ရင်

လူအမှန်ရင် အကုန်အမျိုးချည်းပဲ

ဘဝအဖေအမေရယ်

ဆန်ရေမှန် တန်ဖိုးကြီးသမို့

ဆန်ရေဟာ ကြုံရခဲသမို့

ကန်တော့ခံပါလို့..

တရားဓမ္မပွဲ ကြားကဝယ်

အရာတိုင်းမှာ ပြည့်စုံစွာ ထားနိုင်ဖို့ရာ

သားကြိုးစားမှာ

အဖေ့ရွာကို နောက်ဆုံးမသွားခင်

တရားရွှေရိပ် အောက်ငြိမ်းချမ်းမှု

ရသွားစေချင်..

နားခိုဖို့ ရင်ခွင်..

နွေးထွေးတဲ့ မေတ္တာ..

ငတ်ခဲ့သူ တစ်ယောက်မှာ..

ရှားသဲလွန် စနောက်

လိုက်ဦးမယ့် မိဘနှစ်ပါးကို

တွေ့ရင်တော့ ရှိသမျှအားနဲ့

လုပ်ကျွေးမယ်လို့..

ရေဆိုတာ စုန်ဆင်းမြဲ

ရေဆိုတာ ဆန်ရိုး မရှိတယ်

ပြောပေမယ့်လည်း...

ဆည်မှန်ရင် ဆဏလေးတားလို့

လူကြုံရင် ခဏလေးရပ်လို့

အမြင့်ပို့နိုင်ရဲ့..

ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့

ဘယ်လောကီ လူ့ပညာ မတတ်နိုင်စွမ်းသာ

လောက ဓမ္မတာ

မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ

မွေးအမေရဲ့ မြတ်ကျေးဇူးတွေ

ဆပ်လို့ မကုန်ဘူး..

လောက ဓမ္မတာ

မွေးအဖေရဲ့ မြတ်ကျေးဇူးတွေ

မွေးအမေရဲ့ မြတ်ကျေးဇူးတွေ

ဆပ်လို့ မကုန်ဘူး

ပြီးပါပြီ။

More From ဘိုျဖဴ

See alllogo