menu-iconlogo
huatong
huatong
avatar

သင်းကွဲငှက်များနားခိုရာ

မင်းဂျွန်စိုးhuatong
ruthless467huatong
Lyrics
Recordings
ငါ့ဘဝကိုပြောပြမယ်

ရယ်သံတွေခဏရပ်ပေးပါအုံး

ငါ့ဘဝဟာ ခေတ္တနားခိုရာ..

သင်းကွဲငှက်များနဲ့အတူ

ပျော်ရွှင်စွာချမ်းမြေ့ဖူးတာပဲ

နှလုံးသားမှာခဏတော့ နားခိုပါ..

အတောင်စုံပြီ အချစ်ငှက်ကလေးတွေ

ဝေဟင်မှာဝဲလိုက်အုံးပေါ့

သင်လိုရာသွားတော့ သွားတော့လေ..

ငါ့ဘဝမုန်တိုင်းထဲမှာ

သင်လိုတာတစ်ခုမှ မရှိပါဘူး

နှလုံးသားမှာခဏတော့ နားခိုပါ..

မင်းရဲ့အဖော်များ တွေ့ရင်

သူခေါ်ရာလိုက်လို့ သွားပါတော့

ခွင့်လွှတ်ပါမပြောနဲ့ နားလည်တယ်..

ယာယီအိမ် အတိတ်ကနန်းတော်

လည်ပြန်ကာလှည့်လို့မကြည့်နဲ့

ဒီရင်ကိုစွန့်လို့ ထားခဲ့လေ..

အငြိုးရှိရင် ကျေပါတော့လေ

လူ့ဘဝကို ပိုင်ဆိုင်တဲ့ကံ

ဆွေးမြည့်တဲ့သံစဥ်များနဲ့

ငါ့ဘဝဟာ ခေတ္တနားခိုရာ..

သင်းကွဲငှက်များရဲ့ နားခိုရာ..

ငါ့ဘဝမုန်တိုင်းထဲမှာ

အပျော်ဆိုတာတစ်ခုမှ မရှိပါဘူး

နှလုံးသားမှာခဏတော့ နားခိုပါ..

မင်းရဲ့အဖော်များ တွေ့ရင်

သူခေါ်ရာလိုက်လို့ သွားပါတော့

ခွင့်လွှတ်ပါမပြောနဲ့ နားလည်တယ်..

ယာယီအိမ် အတိတ်ကနန်းတော်

လည်ပြန်ကာလှည့်လို့မကြည့်နဲ့

ဒီရင်ကိုစွန့်လို့ ထားခဲ့လေ..

ဘဝဇာတ်ခုံကြားထဲမှာ

ကြုံသလိုသာကလိုက်တော့ အချစ်ဆုံးရယ်

မဖြစ် ဖြစ်သလို ခွင့်လွှတ်ပေးမှာပါ..

တို့နှစ်ယောက် ပြန်တွေ့တဲ့အခါ

မမြင်သလိုသာ လှည့်ထွက်သွားပါတော့

မင်းဘဝကိုအမြဲတမ်း နားလည်တယ်..

ဒီရင်က ခွင့်လွှတ်ခြင်းတွေ

ဒီရင်က စွန့်လွှတ်ခြင်းများ

ယူဆောင်ကာအဝေးသို့ သွားတော့လေ..

အငြိုးရှိရင် ကျေပါတော့လေ

လူ့ဘဝကို ပိုင်ဆိုင်တဲ့ကံ

ဆွေးမြည့်တဲ့သံစဥ်များနဲ့

ငါ့ဘဝဟာ ခေတ္တနားခိုရာ..

သင်းကွဲငှက်များရဲ့ နားခိုရာ..

More From မင်းဂျွန်စိုး

See alllogo