ရေခြားမြေခြား အဝေးရောက်ပေမယ့်
တွေးမိရင် ဆွေးလို့မပြေ
ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဌာနေမှာ
ကိုယ့်ရဲ့မိတ်ဆွေ ကိုယ့်အပေါင်းအသင်းတွေ
ကိုယ့်ရဲ့မိသားစုတွေ ကိုယ့်ဝန်းကျင်မှာ
မနေချင်တဲ့သူ ဘယ်သူရှိလိမ့်မလဲကွယ်
ဘဝရေးအတွက်သာ ပြည်တော်ဝေးမှာ
မပျော်လည်းနေ ပျော်လည်းနေ
ဘဝဆိုတာက ရုန်းကန်ခြင်းလေ
အားမလျော့ပါဘူးလေ ကြိုးစားမယ်တာဝန်တွေ
ရိုးသားတဲ့ တို့မြန်မာတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် အပါင်းအသင်းတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် မိဘတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် အပါင်းအသင်းတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် မိဘတွေ
မြင်ယောင်ကာတက်လှမ်း ပန်းတိုင်ဆီကိုလေ
မဝေးတော့ပါဘူးလေ
အို မဝေးတော့ပါဘူးလေ
ကြိုးစားသမျှတွေ အရာထင်မှာပါလေ
ကိုယ့်ရပ်ကိုယ့်ရွာ သာစေကြောင်း ထမ်းရွက်နိုင်ပါစေ
ရေခြားမြေခြား အဝေးရောက်ပေမယ့်
တွေးမိရင် ဆွေးလို့မပြေ
ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်ဌာနေမှာ
ကိုယ့်ရဲ့မိတ်ဆွေ ကိုယ့်အပေါင်းအသင်းတွေ
ကိုယ့်ရဲ့မိသားစုတွေ ကိုယ့်ဝန်းကျင်မှာ
မနေချင်တဲ့သူ ဘယ်သူရှိလိမ့်မလဲကွယ်
ဘဝရေးအတွက်သာ ပြည်တော်ဝေးမှာ
မပျော်လည်းနေ ပျော်လည်းနေ
ဘဝဆိုတာက ရုန်းကန်ခြင်းလေ
အားမလျော့ပါဘူးလေ ကြိုးစားမယ်တာဝန်တွေ
ရိုးသားတဲ့ တို့မြန်မာတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် အပါင်းအသင်းတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် မိဘတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် အပါင်းအသင်းတွေ
ပြည်တော်ဝင် အောင်ပန်းနဲ့
ကြိုနေမယ့် မိဘတွေ
မြင်ယောင်ကာတက်လှမ်း ပန်းတိုင်ဆီကိုလေ
မဝေးတော့ပါဘူးလေ
အို မဝေးတော့ပါဘူးလေ
ကြိုးစားသမျှတွေ အရာထင်မှာပါလေ
ကိုယ့်ရပ်ကိုယ့်ရွာ သာစေကြောင်း ထမ်းရွက်နိုင်ပါစေ