menu-iconlogo
huatong
huatong
avatar

အကောင်းဆုံးအရှုံးသမား

မနေhuatong
shitcreek3huatong
Lyrics
Recordings
သီချင်း : အကောင်းဆုံးအရှုံးသမား

တေးဆို : မနော

သားသတ်ကုန်းသို့ မရုန်းပဲညင်သာ

နှလုံးမရွှင်ပါသော်လည်း

အားခဲလို့တင်းကာလိုက်ပါ

အိုကြီးအိုမ ဪသနားစရာ

နွားလှ ညို ပြာ

အနောက်ကနေလုံး

ပျောက်တော့မယ့်ဆည်းဆာ

သားသတ်ကုန်းသို့ မရုန်းပဲညင်သာ

နှလုံးမရွှင်ပါသော်လည်း

အားခဲလို့တင်းကာလိုက်ပါ

အိုကြီးအိုမ ဪသနားစရာ

နွားလှ ညို ပြာ

အနောက်ကနေလုံး

ပျောက်တော့မယ့်ဆည်းဆာ

နုနယ်ငယ်စဉ်တုန်းက

ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန်ပါ

ရွှံ့ဆိုသည်မှာ ကမ္ဗလာ

နွံဆိုသည်ကား သူ့မွေ့ယာ

ရွှေပင်ဖန်ဆင်း လည်တန်ကိုတင်းကာ

ငွေပင်ဖန်ဆင်း အားမာန်ကိုတင်းကာ

လုပ်သားကောင်း တစ်ဦးပါ

ကာယလုပ်သားကောင်းကြီး

အားထားရတဲ့ နွားလှ ညို ပြာ

နုနယ်ငယ်စဉ်တုန်းက

ထွန်တုံးနဲ့ မိတ်ရင်းဆွေမွန်ပါ

ရွှံ့ဆိုသည်မှာ ကမ္ဗလာ

နွံဆိုသည်ကား သူ့မွေ့ယာ

ရွှေပင်ဖန်ဆင်း လည်တန်ကိုတင်းကာ

ငွေပင်ဖန်ဆင်း အားမာန်ကိုတင်းကာ

လုပ်သားကောင်း တစ်ဦးပါ

ကာယလုပ်သားကောင်းကြီး

အားထားရတဲ့ နွားလှ ညို ပြာ

ဪ နှစ်များတစ်ဆင့်ပြောင်း ရင့်ညောင်းကာ

ပျိုကြီး အိုမင်း ယိုယွင်းကာ

ဇရာကျပေါ့ နွားပြာလှကြမ္မာ

ထွန်တုံးကို မဖို့လည်း ခါးကမခိုင်ရှာ

နွံရုန်း ဆွဖို့လည်း အားကမနိုင်ပါ

သခင်ကဆူ ကျောကပူသနဲ့

မောပန်းနွမ်းနယ် ဝမ်းနည်းမျက်ရည်ဖြာ

လယ်ကွင်းကိုဖြတ် ရွာကိုပတ်လို့

သားသတ်ကုန်းဆီ ခေါ်ရာ

လိုက်ပါရင်း လည်ပြန်ကြည့်ရင်း

နောက်ဆံတင်းပေါ့

အိုမင်းဇရာကျ နွားပြာလှ သူ့ခဗျာ

ဒီမိုးရောက်ရင် ဒီလယ်တစ်ခွင်

သခင်ဘယ်သို့ ထွန်ပါ့မယ်

ဒီလယ်သွေ့ခြောက် ရွှေပင်ပေါက်အောင်

အားကိုးလောက်တဲ့ သူ့လုပ်အား

ထွန်နွား ဘယ်ဆီနေပါ့မယ်

သခင်အတွက်ဇောနဲ့ ပင့်သက်မောခဲ့ရှာ

ဇရာကျအိုစာ နွားပြာလှပျိုကညာ

သင်သည်ကား ဘဝနောက်ဆုံးတိုင်

တာဝန် ထမ်းခဲ့သူပါ

ဇရာနောက်ဆုံး ဘဝအထိ အရှုံးမပေးရဲရင့်သူပါ

အို လုပ်သားကောင်းကြီး

ပေးဆပ်ခြင်းအတွက် ရှင်သန်လာ

သင်သည်ကား အကောင်းဆုံးအရှုံးသမားပါ

More From မနေ

See alllogo