သီချင်း - အလွမ်းတွေနဲ့စကားဝါမြေ
တေးဆို - မနော
မှိုင်းညို့ညို့တောင်တန်းကြီးရယ် လွမ်းမောဖွယ်
ဆီးနှင်းများအုံ့မှိုင်းလို့ရယ် မိုးထက်လွင့်ပြယ်
စကားဝါမြေက အလွမ်းတေးကိုဆိုနေပါတယ်
လေညှင်းကိုဆောင်ကျဉ်းလို့ရယ်
တိမ်မိုးသားဆီမှာကွယ်
ပုပ္ပါးမြေက အသည်းနှလုံးကိုယူဆောင်သွားတာလား
ချစ်ဧည့်သည်

တစ်ခါကပြောခဲ့ဖူးတယ် ပုပ္ပါးကိုလည်းမင်းချစ်တယ်
စကားဝါပန်းတွေကိုလည်းချစ်တယ်
ပန်းနုရောင်န ုတ်ခမ်းလေးပေါ်
အပြုံးလေးနဲ့ယဉ်သူရယ်
ပုံပြင်တွေပြောခဲ့သလားကွယ်
စကားဝါမြေမှာ အလွမ်းမိုးတွေသည်း
ပုပ္ပါးမြေက ပန်းတော်ဆက်တဲ့ကိုဗျတ္တလိုကွယ်
မင်းပန်ဖို့နေ့တိုင်းပဲ ပန်းတွေကိုခူးဆက်သဖူးတယ်

စကားဝါပန်းတွေလည်း ပွင့်နေပြီကွယ်
အလွမ်းတွေနဲ့ ခြယ်သထားတဲ့
စကားဝါမြေမှာ အမှတ်တရတွေနဲ့

ပန်းနုရောင်နုတ်ခမ်းလေးပေါ်