menu-iconlogo
huatong
huatong
avatar

နှင်းပျောက်တဲ့နွေ

မာမာအေး/ကိုသက်ဦးhuatong
LMT-Star🎵🎤🎶🎧🎼🎻🎸🎺***huatong
Lyrics
Recordings
နှင်း...

ငွေရောင် ဖြူလွှ တူစွ သန္တာပေ

ငွေရည် ပုလဲနုတို့

စုကာ ဖြန်းတော့ လန်းဆန်း စိုပြည်

နှင်းတွေ ဝေကျ

ဆောင်း ဟေမန္တ

ပြောင်း…နှောင်းပြန်တော့လေ

ဟောင်းရွက်ကြွေ…မြေမှာခ

ကြွေကာကျတဲ့ အခါသမယ မှာပဲလေ

သြော်…နွေဦး ရောက်ပြီ

နှင်းလဲ ပျောက်ပြီ လေ..

***

နှင်း...

ငွေရောင်ဖြူလွှ တူစွ သန္တာပေ

ငွေရည် ပုလဲနုတို့

စုကာဖြန်းတော့ လန်းဆန်း စိုပြည်

နှင်းတွေ ဝေကျ

ဆောင်း ဟေမန္တ

ပြောင်း…နှောင်းပြန်တော့လေ

ဟောင်းရွက်ကြွေ…မြေမှာခ

ကြွေကာကျတဲ့ အခါသမယ မှာပဲလေ

သြော်…နွေဦး ရောက်ပြီ

နှင်းလဲ ပျောက်ပြီလေ…

***

နှင်း မှုန်ရီ

ပုလဲ ငွေဥ သဏ္ဍာန်တွေ

မောင့်/မယ့် ရင်ထဲ စွဲလမ်း မျှော်မှန်း

ရမ်းရော်နေ ဆဲ..မှာပဲ

ရာသီ အချိန်နှောင်း

ညောင်း ခဲ့ပေါ့လေ..

လေရူး ဆော်ကာ နှောက် ချေတော့

ပျောက်လေ ပေါ့ နှင်းရေ..နှင်းရေ..

ကြည်ကြည် ဖြူဖြူ ပါလေ

ငွေမှုန်တွေခင်း..သည်နှင်း နဲ့ပဲလေ

ပျော်ပွဲ ဆင်လို့နေ

ဘယ်ဝယ် ဘယ်လမ်း ကိုဖြင့်

မြန်းသလေ လွမ်းမပြေ

တမ်းတ မျှော်ရင်း

နှင်း…နှင်း ပျောက်တဲ့နွေ..

***

ချစ်တဲ့သူ နှင်းရေ

ရင်တွင်း..မှာလေ..

စွဲရစ်နှောင် ဖွဲ့ပါလို့

မျှော် လေတဲ့ လွမ်းဘွဲ့ကိုစေ

ရည်တူ မျှတ သြော် ကြည်ဖြူ ရမှ

နှင်းက မပေါ်လာတော့ပေ..

?

***

ဟင်… တကယ်တမ်း ဆန်းစစ်တော့

အိမ်မက်လေလား ဆောင်းနှင်း လေလား

စိတ်မှာ ထွေပြား မခွဲခြား နိုင်ခဲ့

ကြင်ဖော်မဲ့ ကင်းတယ်လေ..

နှင်း…နှင်း ပျောက်တဲ့

နွေဦး ရောက်ပြီလေ...

***

နှင်း မှုန်ရီ

ပုလဲ ငွေဥ သဏ္ဍာန်တွေ

မောင့်/မယ့် ရင်ထဲ စွဲလမ်း မျှော်မှန်း

ရမ်းရော်နေ ဆဲ..မှာပဲ

ရာသီ အချိန်နှောင်း

ညောင်း ခဲ့ပေါ့လေ..

လေရူး ဆော်ကာ နှောက် ချေတော့

ပျောက်လေ ပေါ့ နှင်းရေ..နှင်းရေ..

ကြည်ကြည် ဖြူဖြူ ပါလေ

ငွေမှုန်တွေခင်း..သည်နှင်း နဲ့ပဲလေ

ပျော်ပွဲ ဆင်လို့နေ

ဘယ်ဝယ် ဘယ်လမ်း ကိုဖြင့်

မြန်းသလေ လွမ်းမပြေ

တမ်းတ မျှော်ရင်း

နှင်း..နှင်း ပျောက်တဲ့နွေ..

***LMT-STAR***

More From မာမာအေး/ကိုသက်ဦး

See alllogo