menu-iconlogo
huatong
huatong
avatar

ဆင်မြီးလက်စွပ်လေး

မာရဇ္ဇ Mar Rit Zahuatong
omagickhuatong
Lyrics
Recordings
ပေးထားတဲ့ လက်စွပ်လေး

အဖိုးနည်းလွန်းလို့ စွန့်ပစ်ပြီလား...

ကိုယ်ထင်ပါတယ် သူမေ့ပြီ

ပေါင်းစည်းခြင်းရဲ့ အထိမ်းအမှတ်

နှလုံးသားထဲက လက်စွပ်လေး

ကြင်နာသူရေ ဘယ်မှာလဲ...

အိုး ဟိုး ...

စွန့်ပစ်လိုက်ပေါ့ အချစ်ရယ်

အဖိုးနည်းလွန်းတဲ့ ဆင်မြီးကွင်းပဲ

မထည်ဝါနိုင်တာ ကိုယ်သိတယ်...

လမ်းခွဲခြင်းရဲ့နိမိတ်ပြ

ကျောခိုင်းခြင်းရဲ့အဓိပ္ပါယ်လား

ကြင်နာသူရေ ဘယ်လိုလဲ...

အိုး ဟိုး... သူစွန့်လိုက်ပီ

တောက်ပခြင်း ကင်းမဲ့တော့

ကိုယ့်ချစ်လေး ဘယ်မက်မလဲ

အစားထိုးလို့ ချစ်ရမဲ့

ရင်ခွင်သစ်မြင်နေလား

အိုရက်စက်တဲ့အချစ်ရေ

ပြောင်းလဲတဲ့အချစ်ရေ

သြော် မေ့လို့နေလား...

ဆင်မြီးကွင်း လက်စွပ်လို

အဆင်းမလှတဲ့ဘဝ ကို

သြော် မေ့လို့နေလား...

အမြဲသတိရဖို့ပေးခဲ့

တောက်ပခြင်းမဲ့ ဆင်မြီးကွင်းလေး

မြင်နေရင်လေ... သူလွမ်းမယ်

ကိုယ်စိတ်ကူးနဲ့ရူးခဲ့

အစွဲလန်းကြီးတဲ့ တို့အချစ်များ

မယုံကြည်နိုင်အောင် အကုန်ပျက်စီး

အိုး ဟိုး... သူရက်စက်ပြီ...

တောက်ပခြင်း ကင်းမဲ့တော့

ကိုယ့်ချစ်လေး ဘယ်မက်မလဲ

အစားထိုးလို့ချစ်ရမဲ့ ရင်ခွင်သစ်မြင်နေလား

အို ရက်စက်တဲ့ အချစ်ရေ

ပြောင်းလဲတဲ့ အချစ်ရေ

သြော် မေ့လို့နေလား...

ဆင်မြီးကွင်း လက်စွပ်လို

အဆင်းမလှတဲ့ဘဝ ကို

သြော် မေ့လို့နေလား... ...

More From မာရဇ္ဇ Mar Rit Za

See alllogo