menu-iconlogo
huatong
huatong
avatar

ပန်းခရေ(Duet)

မာသီhuatong
ကိုကိုဆိုးပေhuatong
Lyrics
Recordings
"ပန်းခရေ"(Duet)

Girl > G , Boy > B

Ready…!

3️⃣

2️⃣

1️⃣

Go

B> လာလာလာ ဟေ သွားကြစို့လေ

ပန်း..ခရေ ကောက်ဖို့

ရွာအဝင် စခန်းမလေ

လျှမ်းတင့်ဝေဝေ နန်းတင့်အသရေ

ပန်း..ပွင့်ခရေ မြေမှာကြွေ

သင်းပျံ့ ရနံ့စွေ...

><><><><

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်ဟေ

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်ဟေ

အို မလုကြနဲ့ ညီ မျှ စွာ ဝေ

လာကြဟေ့ ဟိုဘက်နား..

အပွင့်များ... ... ကြွေနေ...

>><><><><<

G> လာလာလာ ဟေ သွားကြစို့အေ

ပန်း..ခရေ ကောက်ဖို့

ရွာအဝင် စခန်းမလေ

လျှမ်းတင့်ဝေဝေ.. နန်းတင့်အသရေ

ပန်း..ပွင့်ခရေ မြေမှာကြွေ..

သင်းပျံ့ ရနံ့စွေ...

><><><><

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်အေ

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်အေ

အို မလုကြနဲ့ ညီ မျှ စွာ ဝေ

လာကြဟေ့ ဟိုဘက်နား..

အပွင့်များ... ... ကြွေနေ...

>< တေးရေး> ကိုဝင်းနောင် ><

B> ပန်း ခရေ ခရေ သီကာကုံး...

ကေသာဆံထုံး.. နဲ့

ခွေကာထုံး လှပနေ...

မှုန်းသ နံ့သာရည် နဂိုနေစိုပြေ

ပျိုမေ အလိုကျ သဘာဝ တောအလှပေ

မပြုမပြင် ပင်ကိုယ် အသွေးမို့

ယဉ်ကျေး သိမ်မွေ့ ဓလေ့.. မပျက်ပေ

ရိုးရိုးသားသား တို့များ တောလုံ‌မေ...

><

B> ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အတူလေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

G> ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အေရေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

B> အိမ်ရောက်ရင်..

ကောက်သင်း.. ကောက်ဖို့

သွားရဦးမလေ အတူလေ

မြန်မြန်လျှောက်ပါ

နောက်ချန် မထား..နဲ့

တစ်ယောက်မကျန် အများပေ လာဟေ

ခရေပန်းကောက်တဲ့ တို့တတွေ

လယ်ထဲကျမှ

တစ်ခါတွေ့ တွေ့ကြမယ် ဟေ..

>><><><><><><><<

တေးရေး> ကိုဝင်းနောင်

တေးဆို> မာသီ

တေးဂီတ > ဒေါက်တာလှဘူး

( သီချင်းလေး နှစ်သက်လို့ စုံတွဲတေးဖြစ်အောင်

စာသားတချို့ ပြင်ဆိုလိုက်ပါသည်။ )

(မူရင်းတေးရေး+ တေးဆို+ တီးခတ်သူ+

စီစဉ်သူ+ ထုတ်ဝေသူ အားလုံးကို

လေးစားကျေးဇူးတင်လျက်)

-ကိုကိုဆိုးပေ-

Ready…!

3️⃣

2️⃣

1️⃣

Go

B+G> လာလာလာ ဟေ သွားကြစို့လေ/အေ

ပန်း..ခရေ ကောက်ဖို့

ရွာအဝင် စခန်းမလေ

လျှမ်းတင့်ဝေဝေ.. နန်းတင့်အသရေ

ပန်း..ပွင့်ခရေ မြေမှာကြွေ..

သင်းပျံ့ ရနံ့စွေ...

><><><><

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်ဟေ/အေ

ဟေ့ ဟိုပင်အောက်မှာ ငါသာ ကောက်မလေ

ဟေ့ တစ်ပင်တစ်ယောက် ကြွေတာ ကောက်ဟေ/အေ

အို မလုကြနဲ့ ညီ မျှ စွာ ဝေ

လာကြဟေ့ ဟိုဘက်နား..

အပွင့်များ... ... ကြွေနေ...

>>< တေးဆို> မာသီ ><<

G> ပန်း ခရေ ခရေ သီကာကုံး...

ကေသာဆံထုံး.. နဲ့

ခွေကာထုံး လှပနေ...

မှုန်းသ နံ့သာရည် နဂိုနေ စိုပြေ

ပျိုမေ အလိုကျ သဘာဝ တောအလှပေ

မပြုမပြင် ပင်ကိုယ် အသွေးမို့

ယဉ်ကျေး သိမ်မွေ့ ဓလေ့.. မပျက်ပေ

ရိုးရိုးသားသား တို့များ တောသူတွေ...

><

G> ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အေရေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

B> ပန်းပန်းခရေ ကုန်ပြီဟေ..

ပြန် ကြစို့ အတူလေ...

ဆင်းရနံ့တွေ ကြိုင်လှိုင်နေ

တို့..ရွာတန်းရှည်..

><

G> အိမ်ရောက်ရင်..

ကောက်သင်း.. ကောက်ဖို့

သွားရဦးမလေ တော်ရေ

မြန်မြန်လျှောက်ပါ

နောက်ချန် မထား..နဲ့

တစ်ယောက်မကျန် အများပေ လာအေ

ခရေပန်းကောက်တဲ့ တို့တတွေ

လယ်ထဲကျမှ

တစ်ခါတွေ့ တွေ့ကြမယ် ဟေ..

><><><><><><><

"သီဆိုရွှင်လန်း ဘဝအပန်းပြေပါစေ။"

-ကိုကိုဆိုးပေ-

(သီချင်းတင်‌ပေးသူ စီနီယာများကို လေးစားလျက်)

More From မာသီ

See alllogo