Ever Tried,Ever Failed,
it doesn't matter
Try again,fail again,fail better
ငါမှတ်ယူဖူးတယ် မဖြစ်နိုင်တာမရှိပါဘူး
ငါဖတ်ရှူဖူးတယ် မဖြစ်သေးတာပဲရှိတယ်
စိတ်အတွေးမှာ ချဲ့ကြည့်တယ်
ဘ၀ဆိုတာ လှည်းတစ်စီးပဲ
ကိုယ်တိုင်ကြိုးဆွဲ လမ်းညွှန်ထိန်းကြောင်း
နင်းမောင်းရတယ်
ကိုယ်တိုင်ပဲမြင်း ကိုယ်တိုင်သခင်
ကိုယ်တိုင်နှင်တံနဲ့နှင်
ကိုယ်တိုင်စီးနင်း ကိုယ်တိုင်ပြေး
ကိုယ့်ကိုယ်ကို ခိုင်းစေရင်း
အနိမ့်အမြင့်ကွေ့ကောက်
ကြမ်းတမ်းမတ်စောက်
တောင်တန်းတွေကြားမှာ
ကိုယ့်လမ်းကိုရွေး
ကိုယ့်လမ်းကိုလျှောက်ပြီး
ကိုယ့်လမ်းကိုဖောက်ရ(အဲဒီ့မှာ)
မင်းကိုရက်စက်မယ့်လူပေါင်းများစွာရှိတယ်
ကံကြမ္မာဆိုးဆိုတဲ့
လေမုန်တိုင်းလည်းကြီးမယ်
မင်းနင်းဖြတ်ရမှာ
ဆူးညောင့်ခလုတ်တွေချည်းပဲ
ချော်လဲကျလို့သွားလည်း
မင်း အိမ်မက်တွေမဖျက်ဆီးနဲ့
လူရာမသွင်းတဲ့အကြည့်တွေကြား
ကြောက်လန့်မင်းပြာကျနေလား
အဲအခါကျအားလုံးမင်းကို
ဝိုင်းပြီးဟားနေမှာ ထလေကွာအားကုန်သုံး
ပြုံးထားလိုက်ပစ်တိုင်းထောင်လို
ဟန်ချက်ပျက်လို့သွားလည်း
မတ်တပ်ရပ်အနိုင်ရအောင်လုပ်...
ပြန်ထလိုက်စမ်းမငိုနဲ့ကွာ
ပြိုလဲကျလဲထပ်ကြိုးစား
ဒီအရှူံးတွေရဲ့နောက်ဆုံး
အောင်မြင်ခြင်းတို့ရှိနေတယ်
ဘ၀ဆိုတဲ့တိုက်ပွဲမှာ
အင်အားအကုန်သုံးအနိုင်နွှဲပါ
ရည်မှန်းမျှော်လင့်ချက်များ
အသေအချာတစ်နေ့တော့ရမှာပါ
{အိုအူးအို(Stand Up)} 3
ပစ်တိုင်းထောင်လေးလိုပေါ့
Keep your head up
Never Give Up
ပစ်တိုင်းထောင်ရုပ်လို..
Keep your head up
Never Give Up
ပစ်တိုင်ထောင်လေးလို အိုး..
Keep your head up
Never Give Up
ပစ်တိုင်းထောင်ရုပ်လို
Keep your head up
Never Give Up
ပစ်တိုင်ထောင်လေးလို အိုးး
Keep Trying,Keep Believing,
Keep Dreaming,Keep Moving,
Quitters never win,
Winners never quit
အခုချိန်ထိပ်ဆုံးရောက်နေသူတိုင်းရဲ့
သမိုင်းကိုကြည့် အတိတ်မှာ
ပင်ပန်းဆင်းရဲရုပ်ကန်းခဲ့ရတာချည်း
သူတို့တွေဘယ်နှစ်ကြိမ်လဲကျ
ဘယ်လိုတွေဝမ်းနည်းလို့ငိုညည်း
ဘယ်လောက်ထိပေးဆပ်ခဲ့ရလဲ
အတိအကျဘယ်သူမှမသိ
ဘယ်လိုပင်ရှုံး
မင်းစိတ်ဓာတ်မရှူံးစေနဲ့ကွာ
အောင်မြင်မှုဆုတံဆိပ်တွေတိုင်းရဲ့နောက်မှာ
အပြင်းထန်ဆုံးဖိအားပေါင်းများစွာရှိတာ
အဲဒီဖိအားကိုတွန်းကန်အားအဖြစ်
ပြောင်းလဲအသုံးချ
လုံးဝ မရပ်တန့်နဲ့
မင်းခြေလှမ်းတွေရှေ့ဆက်
ရုန်းထရင်ဆိုင်ပစ်လိုက်ဒုက္ခဆိုးတွေပွေ့ဖက်
နုန်းကြာ ရွံ့နွံ့ကြားက
ဒုံးပျံတစ်စီးလိုပြေးထွက်
ရောက်အောင်သွားပါမျှော်လင့်ထားတဲ့
အိမ်မက်ထဲ ကနေ့ရက်
ပြန်ထလိုက်စမ်းမငိုနဲ့ကွာ
ပြိုလဲကျလဲထပ်ကြိုးစား
ဒီအရှူံးတွေရဲ့နောက်ဆုံး
အောင်မြင်ခြင်းတို့ရှိနေတယ်
ဘ၀ဆိုတဲ့တိုက်ပွဲမှာ
အင်အားအကုန်သုံးအနိုင်နွှဲပါ
ရည်မှန်းမျှော်လင့်ချက်များ
အသေအချာတစ်နေ့တော့ရမှာပါ
{အိုအူးအို(Stand Up )}3
ပစ်တိုင်းထောင်လေးလိုပေါ့
Keep your head up
Never Give Up
ပစ်တိုင်းထောင်ရုပ်လို..
Keep your head up
Never Give Up
ပစ်တိုင်ထောင်လေးလို အိုး..
နှိမ်ချတဲ့အကြည့်တွေ့တိုင်းကို
စူးစိုက်ပြီး ရဲဝံ့စွာမင်းပြန်ကြည့်
စွန်ရဲတစ်ကောင်လိုစိတ်ဓာတ်မျိုးး
ဆုံးရျုံးခဲ့သမျှတစ်နေ့အနိုင်ရအောင်
မင်းပြန်ယူ မင်းအညံ့ခံလို့မဖြစ်ဘူး
ခေါင်းမော့ကာပျံသန်းပါအခု
ဟူးဟူးဟူး ဟူးးဟူးး
ခေါင်းမော့ကာပျံသန်းပါအခု
ဟူးဟူးဟူးဟူးဟူးဟူးဟူးဟူးး
ပစ်တိုင်းထောင်လိုမလဲကျဘူး...
ပြန်ထလိုက်စမ်းမငိုနဲ့ကွာ
ပြိုလဲကျလဲထပ်ကြိုးစား
ဒီအရှူံးတွေရဲ့နောက်ဆုံး
အောင်မြင်ခြင်းတို့ရှိနေတယ်
ဘ၀ဆိုတဲ့တိုက်ပွဲမှာ
အင်အားအကုန်သုံးအနိုင်နွှဲပါ
ရည်မှန်းမျှော်လင့်ချက်များ
အသေအချာတစ်နေ့တော့ရမှာပါ
{အိုအူးအို(Stand Up )}3
ပစ်တိုင်းထောင်လေးလိုပေါ့..
Keep your head up
Never Give Up
ပစ်တိုင်းထောင်ရုပ်လို..
Keep your head up
Never Give Up
ပစ်တိုင်ထောင်လေးလို အိုး..
Thanks all!