နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
နှစ်ကိုယ်ကြင်တဲ့အစ်ကိုလင်ရဲ့ပျိုခင်နွဲ့
ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
ကိုကိုရေအခုတော့
ဘယ်ဆီများရောက်နေလဲကွယ်
မျှော်တော်ယောင်ဘဝက
လွတ်ချင်နေပြီတကယ်
နာရီကိုကြည့်လို့
ငါလျှောက်တွေးပြီးပူမိတယ်
မနေနိုင်အောင်ယောက်ယက်ခတ်
စိုးရိမ်နေပါတယ်
ဖုန်းဆက်လည်း ကိုကိုမထူးဘူး
Message ပို့တယ် စာပြန်မလာဘူး
နောက်ကျလှပြီ ဘာတွေလုပ်လို့
အိမ်ပြန်ဖို့မေ့နေလဲ ဘယ်သူတွေနဲ့ရှိနေလဲ
နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
အချစ်နေ့စဉ်နေ့တိုင်း
ပြန်လာမည့်လမ်းဆီ
မှန်းဆလို့အခါခါတွေး
အစဉ်ငေးရသည်
သူရောက်ချိန်နီးပါပြီ
သူရောက်ချိန်နီးပါပြီ
🎼~🎼~🎼~🎼~🎼
ကွယ်ရာမှာမဟုတ်တရုတ်
သူခြေရှုပ်မိမှာစိုးတယ်
ဒီလိုဆိုအသည်းလေးကွဲ
ရူးမှာသေချာတယ်
အန္တရာယ်တွေတစ်ခုခု
သူကြုံတွေ့လို့နေလားကွယ်
မရေရာတဲ့မေးခွန်းများမေးကာချာချာလည်
Rap >စိတ်တွေလည်းမအေးဆေးနိုင်ပြီ
ချစ်သူပျောက်နေတဲ့ မနက်လေးနာရီ
ပူလောင်နွမ်းလျစွာငေးငိုင်မိ
ခေါင်းမှာမေးခွန်းများစွာနဲ့
ငတွေးမှိုင်သည်
မျှော်ရတဲ့အချိန် ကြာလာတော့တကယ်
လည်ပင်းတောင်မှပဲ ရှည်လာတော့မယ်
အိပ်လိုက်တော့လို့ အမေကပြောလည်း
လုံးဝမအိပ်နိုင်ဘူး ရင်ထဲမှာမောတယ်
တိုးတိုးလေးပဲမေးမည်
ရိုးရိုးလေးပဲမေးမည်
တွေးကာမီ သူ့ကိုစောင့်တဲ့လေးနာရီ
နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
အချစ်နေ့စဉ်နေ့တိုင်း
ပြန်လာမည့်လမ်းဆီ
မှန်းဆလို့အခါခါတွေးအစဉ်ငေးရသည်
သူရောက်ချိန်နီးပါပြီ
သူရောက်ချိန်နီးပါပြီ
နှစ်ကိုယ်ကြင်တဲ့အစ်ကိုလင်ရဲ့ပျိုခင်နွဲ့
ကြိုတဲ့လေးနာရီ မျှော်လင့်စောင့်စားရင်း
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ
ဒါလွမ်းလို့ညီးတဲ့သီချင်း
နှစ်ကိုယ်ကြင်တဲ့ အစ်ကိုလင်ရဲ့
ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ ထိုးပြီ ထိုးပြီ
လာပါတော့ အခါခါမော့ မာလာဖော့
မျှော်ပေါ့လေးနာရီ ထိုးပြီ ထိုးပြီ
တိုးတိုးလေးပဲမေးမည်
ရိုးရိုးလေးပဲမေးမည်
တွေးကာမီ သူ့ကိုစောင့်တဲ့လေးနာရီ
💛~Nu_Nu~💛