အခုတော့ပါးစပ်ရာဇဝင်လေး
တခုဖြစ်လို့ကျန်ခဲ့ပြီ
ရေ ပြာ .လှိုင်း ကမ်းခြေဆီ
မြေနီ လမ်း.ကလေးကို
ဖြတ် လျှောက်ခဲ့သည်
နေခြည် ရောင်ဝါ ခြုံ လွှမ်းသည်
ပင်လယ် ဇင်ယော်တွေ ပျံ ဝဲ.လျက် ရှိသည်
အနောက်ဘက် မိုးတိမ် တွေလည်း
မျော လွင့် ကြသည်.....
အဝေးက ထုံး စေတီလေး ဖူးတွေ့ မှန်းရည်
ဆည်းလည်း ခတ်သံတွေလည်း
သဲ့သဲ့..မျှ ကိုယ်..ကြားသည်
ဆံပင်တွေ မျော..လွင့် နေသည်
ဒီရေ တိုးတက်သံ သဲ့သဲ့ ကြားသည်
ငိုသံ လိုလို ထင်မိ. သည်
တစ်ချိန် တစ်ခါဆီကို မျှော်ရည်
အသည်းနစ် မြစ်..နဒီ
သက္ကရာဇ် နောက်ပြန် အတိတ်သွား
ရထားလေး တစ်စင်း .သည်
ရုတ်တရက် ခွဲခွါကာလ
အဟောင်းများ သို့ဆီ
ကမ်းစပ် နဘေးက ရွာလေး တဲ စုစု
အိမ်တန်း..ဆီ....
တူ နှစ်ကိုယ် မနီး စပ်..နိုင်ပြီ
နှစ် ကိုယ်တူ မှန်းတဲ့
အနာဂတ် အချစ် တိုင်း..ပြည်
ထူ..ထောင် နိုင်ရန် စွန့်..စားမည်
သူ ငိုနေစဉ် နေဝင် စ..ချုပ် ညရီ
နှေး.တုံ့ လေး.ကန် ခြေလှမ်းများ စခဲ့သည်
တစ်ရွေ့ရွေ့ ဝေးကျန် ရွာကလေး
ပြပြ ဝေးဆီ
တစ်နေ့တော့ အချစ် ရွှေ လက်တွဲ
နွှဲထပ် ဖို့ ပြန် ခဲ့မည်....
ကိန္ဒရာ ချောင်း ခြားလေ..ပြီ
ကံ..ကြမ္မာ တရားက ရှင်ကွဲ ခွဲ..ရက်သည်
တိမ်လို လေလို လွင့်..သွားပြီ
ရာသီ တွေရယ် အလီလီ
ပြောင်း..လဲခဲ့သည်
နှလုံးသား နှုတ်ငုံတော်ဦး ဖူး..ပွင့်ခဲ့ပြီ
အဝေးရောက် ချစ်သူ ပြန် အရောက်
နောက် ကျ ခဲ့ပြီ
အသည်း အသက်ထက်လွန်
တစ်ဆင့် စကား နား နင့်နင့် ရင်..စို့ပြီ
ကြည်လဲ့ စိမ်းမြ နဒီ
ရွှေရောင် ငါး ကလေးတွေ ရှိတဲ့ အရပ်ဆီ
ရေမှာ ကွယ် လွန်သူ ရှိသည်
သူရေ ကိုယ် ပြန်လာတယ်
အတိတ် နေ့ တစ်နေ့..ဆီ
သဲမွမွ သောင်ခုံတဲ..စုစု အရပ်ဆီ
အဝေးရောက် ချစ်သူ ပြန်..အရောက်
နောက် ကျ ခဲ့ သည်
စတေး ခဲ့တဲ့ ရေပြင်လေး
လှိုင်း ထလို့ ကျန်..ခဲ့ပြီ
မှော် ဆရာလေး ဖြစ်ချင်သည်
ပုံပြင် ဟောင်း လေး
အသက် သွင်း... မိတော့မည်
တမလွန် ရွာသူ မြ စန်း ကြည်
ဒီရင် ဒီလွင် ဒီနင့် နှလုံးသား အရပ်ဆီ
အထိမ်း အမှတ် မျက်ရည် မြစ် ကလေး
စီး ဆင်း ခဲ့ပြီ
အခုတော့ ပါးစပ် ရာဇဝင် ကလေး
တစ်ခု ဖြစ် ခဲ့ပြီ
လှိုင်း အဆင့်ဆင့် ရေ .ရင်လှိုင်း
လွမ်း ရစ်မယ့် နဒီ အပါးဆီ
Uploadedby ƬӇเ༄ɦα