menu-iconlogo
huatong
huatong
avatar

ကြာရွက်ထီးကလေးအောက်မှာ

မို့မို့ဇော်ဝင်းhuatong
riveracmhuatong
Lyrics
Recordings
ကြာရွက်ထီးကလေးအောက်မှာ

တေးရေး မင်းထက်သာ

တေးဆို မို့မို့ဇော်ဝင်း

မိုး … မိုးရွာမလိုနဲ့ညို

ဟိုတောင်ဆီတစ်ခို

လျှပ်နွယ်ဖြာ၀င်းမိုးမာန်ဟုန်ပြင်း ……

အဖော်ကင်းသူရွှေရင်မှာဖို

မျှော်ရသူကို

လွမ်းတသက်သက်ဆွေးတော့လို့

ကိုယ်ချင်းမစာနာညှဉ်းညှဉ်းရက်သကို

မျှော်ရသူကို

လွမ်းတသက်သက်ဆွေးတော့လို့

ကိုယ်ချင်းမစာနာညှဉ်းညှဉ်းရက်သကို

သူအလာရွာလမ်းမှန်းကာကြို

တို့နှစ်ဦးဆုံတွေ့ကြမယ့်

မြကန်သာသူရောက်လာမှ

အတိုးချကာအငြိုးနဲ့ရွာပါရွှေမိုးညို...

မှတ်မိသေးပါတယ်ကွယ်

မှတ်မိသေးတယ်ငယ်ချစ်ဦးကို

မနှစ်က၀ဿန်မှာဆို

အခုလိုအချိန်မိုးမည်းညို

ရွှေမိုးမင်းရယ်

အကဲတဖိုဖိုသည်းနိူင်သကို

ကြာရွက်ထီးကလေးအောက်မှာ

တို့နှစ်ကိုယ်မိုးအတူခို

မိုးမပက်ပေမယ့်

တိုးဖက်လို့အကြင်နာတွေကပို

အခုတော့မေတစ်ယောက်တည်း

အဖော်ကွဲမျှော်ဆဲ

ပင့်သက်ဖြာမော ရင်ထဲလှိုက်ဖို

သြော်ချစ်သူလာလမ်း မျှော်မှန်းလို့ကြို

တစ်ရွာသားကို ရည်းစားထားလို့

မေ့ကိုပစ်ပယ်ပြီလားကို

ကြာရွက်ထီးကလေးအောက်မှာ

မေတစ်ယောက်တည်းရှိုက်ကာငို …

မိုး … မိုးရွာမလိုနဲ့ညို

ဟိုတောင်ဆီတစ်ခို

လျှပ်နွယ်ဖြာ၀င်းမိုးမာန်ဟုန်ပြင်း ……

အဖော်ကင်းသူရွှေရင်မှာဖို

မျှော်ရသူကို

လွမ်းတသက်သက်ဆွေးတော့လို့

ကိုယ်ချင်းမစာနာညှဉ်းညှဉ်းရက်သကို

မျှော်ရသူကို

လွမ်းတသက်သက်ဆွေးတော့လို့

ကိုယ်ချင်းမစာနာညှဉ်းညှဉ်းရက်သကို

သူအလာရွာလမ်းမှန်းကာကြို

တို့နှစ်ဦးဆုံတွေ့ကြမယ့်

မြကန်သာသူရောက်လာမှ

အတိုးချကာအငြိုးနဲ့ရွာပါရွှေမိုးညို ……

မှတ်မိသေးပါတယ်ကွယ်

မှတ်မိသေးတယ်ငယ်ချစ်ဦးကို

မနှစ်က၀ဿန်မှာဆို

အခုလိုအချိန်မိုးမည်းညို

ရွှေမိုးမင်းရယ်

အကဲတဖိုဖိုသည်းနိူင်သကို

ကြာရွက်ထီးကလေးအောက်မှာ

တို့နှစ်ကိုယ်မိုးအတူခို

မိုးမပက်ပေမယ့်

တိုးဖက်လို့အကြင်နာတွေကပို

အခုတော့မေတစ်ယောက်တည်း

အဖော်ကွဲမျှော်ဆဲ

ပင့်သက်ဖြာမော ရင်ထဲလှိုက်ဖို

သြော်ချစ်သူလာလမ်း မျှော်မှန်းလို့ကြို

တစ်ရွာသားကို ရည်းစားထားလို့

မေ့ကိုပစ်ပယ်ပြီလားကို

ကြာရွက်ထီးကလေးအောက်မှာ

မေတစ်ယောက်တည်း ရှိုက်ကာ ငို …

More From မို့မို့ဇော်ဝင်း

See alllogo