စိတ်မဆိုးရင်ပြောချင်တယ်
မိုးထက်မြင့်
ⓛⓝⓣⓡⓞ 0 : 22
Uploader Aye Kyaw
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🥁 🎶 🎵
ခေါင်းလောင်းသံ တညံညံမပေးနိုင်တဲ့
ငါတို့ရွာကျောင်းလေးက အပေါင်းအဖော်သူငယ်ချင်းတွေ
သာအေးရယ်ခွေးဖြူမရယ် မိအေးရယ်ထွေးညိုတယောက်လေ
အခုနေခါဘယ်ဆီများ ရောက်နေကြတယ်အော်ရောက်နေကြတယ်
🎵 🎶 🥁 🎶 🎵
ငါတို့ရွာကျောင်းလေးက အပေါင်းအဖော်သူငယ်ချင်းတွေ
သာအေးရယ်ခွေးဖြူမရယ် မိအေးရယ်ထွေးညိုတယောက်လေ
အခုနေခါဘယ်ဆီများ ရောက်နေကြတယ်အော်ရောက်နေကြတယ်
🎵 🎶 🥁 🎶 🎵
ရွာကိုစွန့်ခွာပြီး မြို့ကြီးဆီပြောင်းကာသွား
အပေါင်းအသင်းတွေများရယ်
လျှပ်စစ်ခေါင်းလောင်းသံနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ
ဝတ်စုံတွေဆင်တူဝတ်လို့ ကျောင်းတက်ကာသာရယ်
အရာရှိကြီးတွေ ဖြစ်နေမလားကွယ်
စိတ်မှာလေမှန်းဆရင်းနဲ့ လွမ်း...လွမ်းလို့နေမိတယ်
🎵 🎶 🥁 🎶 🎵
ရွာမှာနေရွာရေသောက်ကာ ရွာကဆန်စားကာကြီး
ရွာကသားသမီးတွေများရယ်
မြို့မှာနေမြို့ကိုရောက်တာ တိုးတက်တာတော့ကောင်းပါတယ်
မြို့ကိုရောက်လို့ မြို့စိတ်ဝင် မြို့ဟန်တွေအကုန်ကူး
မြို့ရူးရူးရင် မကြာခင်မှားမယ်
မော်ဒယ်မကျအပျော်မယ်မကျ
မင်းသားမကျစာရင်းငှါးမကျနဲ့
ကပြားကကတစ် ဖြစ်နေရင်မလွယ်
တို့ရွာကိုဂုဏ်ဆည်ဖို့အတွက် သတိပေးချင်ပါတယ်
စိတ်မဆိုးနဲ့ကွယ် ချစ်လို့ကိုယ်ပြောမယ်
🎵 🎶 🥁 🎶 🎵
အင်ဂျင်နီယာဆရာဝန်စစ်ဗိုလ် ကျောင်းဆရာမတွေဖြစ်ရမယ်
အိုင်တီခေတ်မှာ ခေတ်မှီရမယ်
ရွာကိုပြန်ကာရွာရဲ့အကျိုးကို တို့သယ်ပိုးရမယ်
ရွာကျေးဇူးကိုဆပ်ရမယ်
တကယ်စိတ်မဆိုးရင်ပြောချင်တယ် ခင်သူချစ်သူသူငယ်ချင်းတို့ရယ်
တို့ရွာကျောင်းလေး သတိရပါဦး..ကွယ်
🎷SourceⓜⓤⓢⓘⓒInternet🎷

By👦AyeKyaw🌿greentiger