သီချင်း - အနှောင်အဖွဲ့
တေးဆို - မီးနို
ဆုံစည်းဖို့ကမဖြစ်နိုင်ဘူးလား
နောက်ဆုတ်မရတဲ့အချိန်တွေများ
ရူးရူးမိုက်မိုက်ရှေ့ဆက်တိုးတာ
ငါတို့အပြစ်လား
ဆုပ်လဲစူးမှစားလဲရူးမှာ
သိသိရက်နဲ့နှောင်ဖွဲ့ထား
ပြဇတ်တစ်ခုလိုဇာတ်တွေတိုက်ကာ
တကယ်တမ်းလွဲမှား
မျက်လုံးချင်းစကားတွေပြောပေမဲ့
တကယ်မဟုတ်သောထိတွေ့ခြင်းတွေနဲ့
အိမ်ပြန်ဖို့ပွေ့ဖက်နှုတ်ဆက်ရင်းငိုနေမယ်
အဆုံးသတ်ဖို့ခက်နေကြတဲ့
ဒီဇာတ်လမ်းမှာ
အရင်အတိုင်းပဲ
ရှေ့ဆက်သွားရင်ကောမဖြစ်ဘူးလား
ဆိုင်သူရှိနေတာသိရက်နဲ့များ
ဒါဆိုခဏတော့သည်းခံ
စောင့်ဆိုင်းပေးပါ
နင်ပြောတဲ့ဂတိတွေသစ္စာတွေ
ငါမသိပါဒီအတိုင်းလေး
တိတ်တိတ်လေးရင်ခုန်နေဦးမှာ
စေလိုရာရူးနေတာ
ငါတို့အပြစ်တဲ့လား
အနှောင်အဖွဲ့တွေကြားမှာနေခွင့်ပြုပါ
ဝဋ်ကြွေးတွေလား
ဆုံစည်းဖို့ကမဖြစ်နိုင်ဘူးလား
နောက်ဆုတ်မရတဲ့အချိန်တွေများ
ရူးရူးမိုက်မိုက်ရှေ့ဆက်တိုးတာ
ငါတို့အပြစ်လား
ဆုပ်လဲစူးမှစားလဲရူးမှာ
သိသိရက်နဲ့နှောင်ဖွဲ့ထား
ပြဇတ်တစ်ခုလိုဇာတ်တွေတိုက်ကာ
တကယ်တမ်းလွဲမှား
မျက်လုံးချင်းစကားတွေပြောပေမဲ့
တကယ်မဟုတ်သောထိတွေ့ခြင်းတွေနဲ့
အိမ်ပြန်ဖို့ပွေ့ဖက်နှုတ်ဆက်ရင်းငိုနေမယ်
အချိန်တန်အိမ်ပြန်နှုတ်ဆက်ခွဲခွာ
အလိုလိုမျက်ရည်ဝဲ
ဘာကြောင့်များအချိန်လွန်မှ
ဆုံကာတွေ့ဒီနှောင်ကြိုးတွေ
ဘောင်တွေကျော်လွန်ကာချစ်ခဲ့ကြတယ်
ဘယ်သူတွေတားနိုင်မလဲ
ဒီရင်ထဲမှာတော့
သံယောဇဉ်မပြတ်ဘူးနော်
မျက်လုံးချင်းစကားတွေပြောပေမဲ့
တကယ်မဟုတ်သောပေါင်းစပ်ခြင်းတွေနဲ့
အိမ်ပြန်ဖို့ပွေ့ဖက်နှုတ်ဆက်ရင်းငိုနေမယ်
အဆုံးသတ်ဖို့ခက်နေကြတဲ့
ဒီဇာတ်လမ်းမှာ
အရင်အတိုင်းလေး
ရှေ့ဆက်သွားရင်ကောမဖြစ်ဘူးလား
ဆိုင်သူရှိနေတာသိရက်နဲ့များ
ဒါဆိုခဏတော့သည်းခံ
စောင့်ဆိုင်းပေးပါ
နင်ပြောတဲ့ဂတိတွေသစ္စာတွေ
ငါမသိပါ ဒီအတိုင်းလေး
တိတ်တိတ်လေးရင်ခုန်နေဦးမှာ
စေလိုရာရူးနေတာ
ငါတို့အပြစ်တဲ့လား
အနှောင်အဖွဲ့တွေကြားမှာနေခွင့်ပြုပါ
ဝဋ်ကြွေးတွေလား
ဝဋ်ကြွေးတွေလား