menu-iconlogo
huatong
huatong
--cover-image

မင်းလေးချစ်တတ်ရင်

မျိုးကျော့မြိုင်huatong
saraceni69huatong
Lyrics
Recordings
သီချင်း : မင်းလေးချစ်တတ်ရင်

တေးဆို : မျိုးကျော့မြိုင်

ရတယ်အချစ်ရယ် မနက်ဖြန်တိုင်းဟာ

ကိုယ့်ဘဝတိုင်းမှာ အဆိုးတွေများစွာ

သွားမယ်အချစ်ရယ် ကိုယ်သွားဦးမယ်

စိတ်မပူလိုက်နဲ့ အလကားမောတယ်

သိတယ်အချစ်ရယ် ပြောနေကြတဲ့

စကားတွေရဲ့အလယ် ကိုယ်အရှုံးမပေးဘဲ

အေးဆေးပါအချစ်ရယ် မင်းကလွဲရင်

ဘယ်သူ့ကိုမှတကယ် မယုံပါဘူး

မင်းလေး တွေးတတ်ရင်

ရုတ်တရက် စိတ်ပျက်မယ်

ကိုယ်ရဲ့ဘဝကကွယ် နည်းနည်းတော့ကြမ်းတယ်

မင်းလေးချစ်တတ်ရင်တဖြည်းဖြည်းသိလိမ့်မယ်

ဘဝအတွက်မင်းရွေးချယ်အဆိုးနဲ့ အကောင်းများအလယ်

ကိုယ့်မှာရှိတယ် လက်ဆောင်တစ်ခုကွယ်

မင်းကိုပေးမယ် ယူမလားအချစ်ရယ်

ဟောဒီ ပခုံးရယ် ဒီဦးနှောက်နဲ့

မင်းကို ချစ်တဲ့ ဒီနှလုံးသားရယ်...

မင်းလေးတွေးတတ်ရင်ခဏတော့ စိတ်ပျက်မယ်

ကိုယ်ရဲ့ဘဝကကွယ် နည်းနည်းတော့ကြမ်းတယ်

မင်းလေးချစ်တတ်ရင်အင်အားများ အမြဲရှိမယ်

သေချာနေတာ တစ်ခုအမြဲတမ်းသိပ်ချစ်တယ်

မင်းလေး တွေးတတ်ရင်

ရုတ်တရက် စိတ်ပျက်မယ်

ကိုယ်ရဲ့ဘဝကကွယ် နည်းနည်းတော့ကြမ်းတယ်

မင်းလေးချစ်တတ်ရင်တဖြည်းဖြည်းသိလိမ့်မယ်

ဘဝအတွက် မင်းရွေးချယ်

အဆိုးနဲ့ အကောင်းများအလယ်

မင်းလေးချစ်တတ်ရင်..တကယ်မင်းလေးချစ်တတ်ရင်

More From မျိုးကျော့မြိုင်

See alllogo