menu-iconlogo
huatong
huatong
avatar

မိုး

မျိုးကြီးhuatong
🦋͜͢͡❤ThuraAung⊷𝕂『ǟ』Ⓨhuatong
Lyrics
Recordings
မိုး

အငဲ

မျိုးကြီး

မိုးစက်တွေနဲ့

လေနဲ့ရောပြီး အပြေးနှင်လို့ ရွာလေတိုင်း

ကန်ရေထက်မှာ ငြိမ်သက်ခြင်းများ ပျက်ပြယ်

လှိုင်းများ လှုပ်ခတ်သွားတိုင်း

ငါ့ရင်ထဲမှာ အနည်မထိုင်သေးတဲ့ အကြောင်းတွေ

နိုးထမြဲ အလွမ်းများ..

မိုးနဲ့အတူပဲ

ဝင်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ဘဲ ဝင်လာပြီး

ရင်ခွင်ထဲမှာ ကြင်နာခြင်းများ အမြစ်တွယ်

တစ်ဦးနဲ့ တစ်ဦးကြား သံယောဇဉ်ကြိုးများ

ရစ်ပတ် ခဲ့ပြီးမှ တားဆီးမရပါ

ဝသန်ရယ် မိုးများတိတ်ချိန် တစ်ခန်းရပ်သွား

မိုးစက်များ ရွာလေတိုင်း

မင်းလေးများ ပြန်လာမလား

မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲ ဒဏ်ရာများ

ရွာတဲ့မိုးက တိတ်ပေမယ့်

ရင်ထဲအလွမ်းများ သည်း ဆဲပေါ့

.မိုးနဲ့အတူပဲ

ဝင်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ဘဲ ဝင်လာပြီး

ရင်ခွင်ထဲမှာ ကြင်နာခြင်းများ အမြစ်တွယ်

တစ်ဦးနဲ့ တစ်ဦးကြား သံယောဇဉ်ကြိုးများ

ရစ် ပတ် ခဲ့ပြီးမှ တားဆီးမရပါ

ဝသန်ရယ် မိုးများတိတ်ချိန် တစ်ခန်းရပ်သွား

မိုးစက်များ ရွာလေတိုင်း

မင်းလေးများ ပြန်လာမလား

မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲ ဒဏ်ရာများ

ရွာတဲ့မိုးက တိတ်ပေမယ့်

ရင်ထဲအလွမ်းများ ရွာ ဆဲပါ

ဘယ်များ ရှောင်ပုန်းလို့ပြေး

မင်းလေးကို တမ်းတလို့

အလွမ်းတွေ ရွာဆဲပါ

ခြေရာများကို ဖျောက်တဲ့မိုးရေ

မိုးစဲလည်း ငါ

အလွမ်းများ သည်း နေတုန်း

Violin

မိုးစက်များ ရွာလေတိုင်း

မင်းလေးများ ပြန်လာမလား

မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ

အုံ့မှိုင်းဆဲပေါ့ ငါ့ရင်မှာ

သုံးမိုးမက ကျော်လွန်သွား

လတ်ဆတ်ဆဲ ဒဏ်ရာများ

ရွာတဲ့မိုးက တိတ်ပေမယ့်

ရင်ထဲအလွမ်းရဲ့ မိုးစက်များ

အလွမ်းမိုးများ...

Yeah...

မိုး စက် များ ...

hey...

မိုး စက် များ...

More From မျိုးကြီး

See alllogo

You May Like