menu-iconlogo
huatong
huatong
avatar

နွေကျောင်းသူ

ယုဇနhuatong
🗡🔪UseRdead🔫huatong
Lyrics
Recordings
နွေကျောင်းသူ-

တေးဆို ယုဇန

တေးရေး ရွှေဂျော်ဂျော်

အထုပ်အပိုးတွေကို မင်းလွယ်

နှုတ်ဆက်အိမ်ပြန်တော့ကွယ်

ရီသံတွေလည်းရပ်

ခုနေချိန်မှာ ငါလည်းမျက်ရည်လည်

နွေရာသီကိုရောက်ခဲ့ပြီ

နင်နဲ့ငါ အမြဲထိုင်

ဒေါ်ကြီးရွှေ အသုတ်ဆိုင်

ငါလေတစ်ယောက်တည်းရပ်

ဒီလိုငေးရင်း လွမ်းလာတယ်

နွေရာသီကိုရောက်ခဲံ့ပြီ

နွေရာသီရဲ့နာရီတွေဟာ

အူကြောင်ကြောင်ကို ပူလောင်ပါတယ်

အိမ်မှာထိုင်ကာ ငိုင်ငိုင်နေတယ်

မြန်မြန်လာပါ ငါသေနိုင်တယ်

ရေရေလည်လည်ကြွေတယ်

အကြင်နာဆုံး ကျောင်းတွေ ပိတ်လို့ သွားခဲ့

ကိုယ့်ကို ခွဲလို့ထားခဲ့

ကျောင်းတံခါးကြီးကတော့

ကြိုနေ အရင်အတိုင်းပဲ

တို့နှစ်ယောက် နေ့ရက်တွေကို

သူ မှတ်သားဆဲ

အဝေးကို မင်းထွက်သွားခဲ့

နွေရာသီကိုရောက်ခဲ့ပြီ

မိုးချုပ်တိုင် ငုတ်တုတ်ထိုင်

အဆွေးနဲ့ပူလောင် အိပ်မရနိုင်

ဒီလိုအချိန်မှပဲ

မင်းကိုငါချစ်မှန်း သိလာတယ်

မြန်မြန်လာပါ လွမ်းလှပြီ

လက်ထဲနှစ်ရာ မင်းရှိရင်

လမ်းထိပ်ဆိုင် ကိုပြေးဝင်

တယ်လီဖုန်းဆက်

ငါမျှော်လင့်ရင်းနဲ့စောင့်နေခဲ့

မြန်မြန်လာပါလွမ်းလှပြီ

နွေရာသီရဲ့နာရီတွေဟာ

အူကြောင်ကြောင်ကို ပူလောင်ပါတယ်

အိမ်မှာထိုင်ကာ ငိုင်ငိုင်နေတယ်

မြန်မြန်လာပါ ငါသေနိုင်တယ်

ရေရေလည်လည်ကြွေတယ်

အကြင်နာဆုံး ကျောင်းတွေ ပိတ်လို့ သွားခဲ့

ကိုယ့်ကို ခွဲလို့ထားခဲ့

ကျောင်းတံခါးကြီးနားမှာ

ကိုယ်လေ အရင်အတိုင်းပဲ

တို့နှစ်ယောက်နေ့ရက်တွေကို

ပြန် ခံစားဆဲ

ကျောင်းတွေ ပိတ်လို့ သွားခဲ့

နွေရာသီကိုရောက်ခဲ့ပြီ

ဒီလိုအချိန်တွေ

အလွန်ကိုရှည်တယ်

ငါ့ရင်ထဲ

မီးလောင်ဆဲ

ရင်ခုန်သံတွေ

ဆူညံနေ

ဟေ ရေ ရေ့.. ရေ ရေ့ ရေ

ပြန်လာပါ လွမ်းနေ ရေ ရေ့.. ရေ ရေ့ ရေ

ကျောင်းတံခါးကြီးကတော့

ကြိုနေ အရင်အတိုင်းပဲ

တို့နှစ်ယောက် နေ့ရက်တွေကို

သူ မှတ်သားဆဲ

အဝေးကို မင်းထွက်သွားခဲ့

ဟိုး ကျောင်းတွေ ပိတ်လို့ သွားခဲ့

ကိုယ့်ကို ခွဲလို့ထားခဲ့

ကျောင်းတံခါးကြီးနားမှာ

(ကျောင်းတွေ ပိတ်လို့ သွားခဲ့)

တို့နှစ်ယောက်နေ့ရက်တွေကို

(အဝေးကို မင်းထွက်သွားခဲ့)

နွေရာသီကိုရောက်ခဲ့ပြီ

..... Yote Soe .....

More From ယုဇန

See alllogo