? ငါ့အတွက်ငါရှိတယ် ?
ဆို - ယွန်းမြတ်သူ
*Go*
အမှောင်မိုက်ဆုံးသော
နေ့တွေရင်ဆိုင်ခဲ့ဖူးတယ်
လှောင်ရယ်သံများကြား
ဘဝကို စိတ်နာခဲ့ဖူးတယ်
နာကျင်ရတဲ့ခဏတွေ ထိုင်ငိုခဲ့ဖူးလည်း
အချိန်တန်ရင် ပြီးဆုံးသွားမှာပဲလေ
******
ကျရှုံးတိုင်းတစ်နေ့ကျ အနိုင်ယူမယ်
စိတ်ဓာတ်ကျတိုင်း ပြန်ကုစားနိုင်တယ်
ငါ့အတွက်တော့ ငါရှိတယ်
(ငါ့အတွက်တော့ငါ့ရှိတယ်)
ဝမ်းနည်းရသလောက်ငါပျော်မယ်
ဘဝကပေးတဲ့ အမာရွတ်တိုင်းကို
အလှဆင်မယ် ရေးးးဟေးးးးးးးး
****
အဓိပ္ပါယ်မဲ့တဲ့ အိပ်မက်တို့
ငါဟာ အဓိပ္ပါယ်ရှိအောင်ဖန်တီးမယ်
ငါဟာလင်းလက်ဖို့ မီးတောက်တွေလိုမျိုး
ရှိန်ဟုန်ပြင်းပြင်းနဲ့ တောက်ပနေဖို့
ငါ့အတွက်ငါရှိတယ်?
*****
Go
အားငယ်တိုင်း ငါဟာပြိုလဲမိခဲ့လည်း
အရာရာ ငါဖြစ်ချင်တဲ့ဘဝကို
ငါကိုယ်တိုင်တည်ဆောက်ရမှာပဲ
အခက်ခဲတိုင်း ငါဟာမွန်းကြပ်ခဲ့ရတိုင်း
ဒီစိန်ခေါ်မှုတွေထဲ
ငါပြန်ထနိုင်တယ်
*****
ကျရှုံးတိုင်းတနေ့ကျ အနိုင်ယူမယ်
ဝမ်းနည်းရသလောက်ငါပျော်လိုက်မယ်
ငါ့အတွက် ငါရှင်သန်နေမှာပဲ
အဓိပ္ပါယ်မဲ့တဲ့ အိပ်မက်တို့
ငါဟာ အဓိပ္ပါယ်ရှိအောင်ဖန်တီးမယ်
ငါဟာလင်းလက်ဖို့ မီးတောက်တွေလိုမျိုး
ရှိန်ဟုန်ပြင်းပြင်းနဲ့ တောက်ပနေလိုက်မယ်
ဘဝရဲ့လောကဓံ ဘယ်လောက်ကြမ်းမလဲ
ဘယ်လောက်ထိရိုက်ခတ်နိုင်မလဲ
အသင့်ပြင်ထားမယ်
ငါ့အတွက် ငါရှိတယ်
ဘဝဟာခဏတာဆိုတိုင်းလည်း
အဆိုးတွေချည်းသာ ကြုံရပါစေ
အရှုံးမပေးလိုက်ပါနဲ့
(အရှုံးမပေးလိုက်ပါနဲ့)
အနာဂတ်ကို မွမ်းမံနိုင်ဖို့အတွက်
အတိတ်တွေထဲတော့မရှင်သန်ပါနဲ့ကွာ
ဒီဘဝမှာ
?
Ready
Go
အဓိပ္ပါယ်မဲ့တဲ့ အိပ်မက်တို့
ငါဟာ အဓိပ္ပါယ်ရှိအောင်ဖန်တီးမယ်
ငါဟာလင်းလက်ဖို့ မီးတောက်တွေလိုမျိုး
ရှိန်ဟုန်ပြင်းပြင်းနဲ့ တောက်ပနေလိုက်မယ်
ဘဝရဲ့လောကဓံ ဘယ်လောက်ကြမ်းမလဲ
ဘယ်လောက်ထိရိုက်ခတ်နိုင်မလဲ
အသင့်ပြင်ထားမယ်
ငါ့အတွက် ငါရှိတယ်
**Thanks**