ချစ်လွန်းပို
B လနဲ့နေလို မြနဲ့ရွှေလို
လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့
ဪ သွေမပျက်ပါတဲ့
မေယုမြင့်မိုရ်မေတ္တာတောင်ထုဗဟို
G လနဲ့နေလို မြနဲ့ရွှေလို
လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့
ဪ သွေမပျက်ပါတဲ့
မေယုမြင့်မိုရ်မေတ္တာတောင်ထုဗဟို
B ကိန္နရီမောင်နှံလို အသည်းအသက်ဆိုပိုသမျှ
ချစ်လိုက်ကြတာသူတို့
ရွှေဖူးစာကံနတ်ကယ်ဖန်တော့သကို
အပြုံများရွှင်ချို ရွှင်ခ်ျို
အမုန်းစကားဆိုတာမလို
ငြိမ်းချမ်းမှုချစ်ရိပ်မှာ ကွန်းခို
G ဪ သဒ္ဓါပိုကဲ မေလည်းမောင်လို
နှစ်ဖြာယှဉ်တွဲချစ်ပွဲဝင်သကို
တစ်ယောက်နဲ့တစ်ယောက် မျိုမလို
မျက်စိအောက်ကမခွာနိုင်သလို
အို သတို့သမီး သတို့သား
မောင်မယ်ချစ်လွန်းပို
B လနဲ့နေလို မြနဲ့ရွှေလို
လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့
ဪ သွေမပျက်ပါတဲ့
မေယုမြင့်မိုရ်မေတ္တာတောင်ထုဗဟို
G လနဲ့နေလို မြနဲ့ရွှေလို
လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့
ဪ သွေမပျက်ပါတဲ့
မေယုမြင့်မိုရ်မေတ္တာတောင်ထုဗဟို
B ကိန္နရီမောင်နှံလို အသည်းအသက်ဆိုပိုသမျှ
ချစ်လိုက်ကြတာသူတို့
ရွှေဖူးစာကံနတ်ကယ်ဖန်တော့သကို
အပြုံများရွှင်ချို ရွှင်ခ်ျို
အမုန်းစကားဆိုတာမလို
ငြိမ်းချမ်းမှုချစ်ရိပ်မှာ ကွန်းခို
G ဪ သဒ္ဓါပိုကဲ မေလည်းမောင်လို
နှစ်ဖြာယှဉ်တွဲချစ်ပွဲဝင်သကို
တစ်ယောက်နဲ့တစ်ယောက် မျိုမလို
မျက်စိအောက်ကမခွာနိုင်သကို
အို သတို့သမီး သတို့သား
မောင်မယ်ချစ်လွန်းပို
B အထင်ကရမြင်သမျှစာဖွဲ့လို့မကုန်
ဝသုန်ဤမြေညွှန်းသက်သေဆို
ဝသုန်ဤမြေညွှန်းသက်သေဆို
G အထင်ကရမြင်သမျှစာဖွဲ့လို့မကုန်
ဝသုန်ဤမြေညွှန်းသက်သေဆို
ဝသုန်ဤမြေညွှန်းသက်သေဆို
B အောက်ချင်းမဖိုသစ္စာပိုအလား
G ချစ်လွန်းပိုနိုင် ပိုနိုင်ကြတအား
နှစ်ယောက်သားတွဲမှ တစ်ဘဝမည်သလို
BG အို သတို့သမီးနဲ့သတို့သားတို့
လိုက်ဖက်တင့်မောလိုက်ပါဘိ
နတ်ရေးတဲ့ဖူးစာဖက်တွေလို
B နှစ်ဖက်သောမိဘများရှေ့
နှိမ်ခြွေအခါခါ အလိမ္မာတွေပို
ရှု့မြင်သူတိုင်းဘဝင်ဖို
G ချစ်တိုင်းညားကြတဲ့မောင်မယ်နှစ်ဦး
ဆောင်လယ်ကူး နောင်ရွယ်စူး
မေတ္တာသောင်ကမ်းဗဟို
B အထင်ကရမြင်သမျှစာဖွဲ့လို့မကုန်
ဝသုန်ဤမြေညွှန်းသက်သေဆို
ဝသုန်ဤမြေညွှန်းသက်သေဆို
G အထင်ကရမြင်သမျှစာဖွဲ့လို့မကုန်
ဝသုန်ဤမြေညွှန်းသက်သေဆို
ဝသုန်ဤမြေညွှန်းသက်သေဆို
B အောက်ချင်းမဖိုသစ္စာပိုအလား
G ချစ်လွန်းပိုနိုင် ပိုနိုင်ကြတအား
နှစ်ယောက်သားတွဲမှ တစ်ဘဝမည်သလို
BG အို သတို့သမီးနဲ့သတို့သားတို့
လိုက်ဖက်တင့်မောလိုက်ပါဘိ
နတ်ရေးတဲ့ဖူးစာဖက်တွေလို
B နှစ်ဖက်သောမိဘများရှေ့
နှိမ်ခြွေအခါခါ အလိမ္မာတွေပို
ရှု့မြင်သူတိုင်းဘဝင်ဖို
G ချစ်တိုင်းညားကြတဲ့မောင်မယ်နှစ်ဦး
ဆောင်လယ်ကူး နောင်ရွယ်စူး
မေတ္တာသောင်ကမ်းဗဟို
BG လနဲ့နေလို မြနဲ့ရွှေလို
လိုက်ဖက်တင့်သား နှစ်ဖြာဂဟေဆက်ပါလို့
ဪ သွေမပျက်ပါတဲ့
မေယုမြင့်မိုရ်မေတ္တာတောင်ထုဗဟို