ပုဂံဘုရားဖူး..ရာဇာဝင်းတင့် ဘိုမ
မိုးမြူရစ်ဝိုင်း မှိုင်းပြမှောင်
ဝါဆိုဝါခေါင် မုတ်သုံဦး
ဧရာရေဇလာလှိုင်း လွန့်လူး
နာဝါလှေငယ် ဖြတ်လို့ကူး
အညာပုဂံ ဘုရားဖူး
မိုးမြူရစ်ဝိုင်း မှိုင်းပြမှောင်
ဝါဆိုဝါခေါင် မုတ်သုံဦး
ဧရာရေဇလာလှိုင်း လွန့်လူး
နာဝါလှေငယ် ဖြတ်လို့ကူး
အညာပုဂံ ဘုရားဖူး
ရွှေစည်းခုံကို ရည်စူး
အာနန္ဒာကို ကြည်နူး
ဗူးဘုရားမှာ နှစ်ဦးသားနားရာ
သီတာသောင်ခြေဦး
မခွဲဘူး မခွာဘူး
အမြဲတမ်း ရည်စူး
မြတ်စိန္တေထံ ဆုပန်ကာဖူး
တို့ မောင်မယ်နှစ်ဦး
တောင်ပြာမြင့်မောင်း အနောက်စူးစူး
တိမ်ညိုတွေရယ် နေလိမ္မော်ကိုဆွတ်ကာခူး
တမာတောနဲ့ ထနောင်းပင်ယံမှာ
ရွှေချိုးသံသာ တကူကူ
ကြားရနိုင်မယ် အချစ်မှူး
မခွဲဘူး မခွာဘူး
အမြဲတမ်း ရည်စူး
မြတ်စိန္တေထံ ဆုပန်ကာဖူး
တို့ မောင်မယ်နှစ်ဦး
မိုးမြူရစ်ဝိုင်း မှိုင်းပြမှောင်
ဝါဆိုဝါခေါင် မုတ်သုံဦး
ဧရာရေဇလာလှိုင်း လွန့်လူး
နာဝါလှေငယ် ဖြတ်လို့ကူး
အညာပုဂံ ဘုရားဖူး
မိုးမြူရစ်ဝိုင်း မှိုင်းပြမှောင်
ဝါဆိုဝါခေါင် မုတ်သုံဦး
ဧရာရေဇလာလှိုင်း လွန့်လူး
နာဝါလှေငယ် ဖြတ်လို့ကူး
အညာပုဂံ ဘုရားဖူး
ရွှေစည်းခုံကို ရည်စူး
အာနန္ဒာကို ကြည်နူး
ဗူးဘုရားမှာ နှစ်ဦးသားနားရာ
သီတာသောင်ခြေဦး
မခွဲဘူး မခွာဘူး
အမြဲတမ်း ရည်စူး
မြတ်စိန္တေထံ ဆုပန်ကာဖူး
တို့ မောင်မယ်နှစ်ဦး
တောင်ပြာမြင့်မောင်း အနောက်စူးစူး
တိမ်ညိုတွေရယ် နေလိမ္မော်ကိုဆွတ်ကာခူး
တမာတောနဲ့ ထနောင်းပင်ယံမှာ
ရွှေချိုးသံသာ တကူးကူး
ကြားရနိုင်မယ် အချစ်မှူး
မခွဲဘူး မခွာဘူး
အမြဲတမ်း ရည်စူး
မြတ်စိန္တေထံ ဆုပန်ကာဖူး
တို့ မောင်မယ်နှစ်ဦး