သီချင်း - မျှော်နေမယ်ဆောင်း
တေးဆို - လွှမ်းပိုင်, Lil Chan , ယောမင်းဦး
တီး - ဖြိုးမင်းနိုင်
ဒီနှင်းရေစက်တွေထဲမှာ တစ်ယောက်ထဲ
အချစ်များနဲ့ဝေးကွာ ငါ့မှာအဖော်မဲ့
ဒီလိုအလွမ်းနေ့တွေ မနေနိုင်ဘူးအချစ်ရေ
ကိုယ် တစ်ယောက်ထဲ...
မျှော်လင့်ချက်လေးတွေ ဖြစ်မလာသော်လဲ
နင်ပြန်ရောက်လာမယ့် အချိန်တိုင်းကိုငါ တမ်းတနေဆဲ
အရင်လိုအနမ်းလေးတွေ ကိုယ်ပြန်လွမ်းဆွတ်လို့ နေဆဲ...)
မျှော်နေမယ် ဆောင်းမနက်တွေထဲ
ရင်ခွင်အိုဟောင်းလေးကအသင့်ရှိနေဆဲ
မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်ပြန်လာခဲ့
မျှော်နေမယ် ဆောင်းမနက်တွေထဲ
ဒီရင်ဟာ အမြဲအသင့်ရှိနေဆဲ
မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်
ရင်ခွင်နေရာဟောင်းလေးဆီ ပြန်ခဲ့ကွယ်
နင်ငါ့ကိုထားခဲ့တာဆောင်းတွင်းထဲ
ဘာကြောင့်လဲဆိုတာမသိပါငါ့မှာ
အကြောင်းအရင်းမဲ့
အေးစက်နေတဲ့ရင်ခုန်သံတွေမဟောင်းချင်ခဲ့
ငါ့မှာတော့အလွမ်းသီချင်းတွေများကို အပေါင်းအသင်းဖွဲ့
နှင်းရည်စက်တွေလိုမျိုး
နှလုံးသားထဲစီး၀င်ကာသားတဲ့နင့်ရဲ့အပြုံးများလဲ
ထပ်ပီးရှိချင်တာ ဒါပေမဲ့
ဘာကြောင့်ငါ့ကာမုန်းသွားလဲနင်မရှိတော့
ဒီလိုဆောင်းမနက်ရဲ့ကြည်နူးမှုတွေကိုပါဆုံးရှုံးသွားတယ်
ပြုံးထားလဲငါလေ မျက်ရည်တွေဝဲလာ
နောက်ဆုံးနှုတ်ဆက်ရတဲ့အချိန်ထိ
မုန်းမရခဲ့တဲ့ငါ တသက်လုံးနှုတ်ဆက်သွားမယ့်
နင့်ကိုပြုံးပြနေတဲ့ငါ အရပ်သုံးစကားနဲ့ပြောရရင်တော့
အသုံးမကျတဲ့ငနဲပါ မင်းကောအခုနေ
ငါ့ကိုလွမ်းလို့နေမလား
မနက်ဆိုနှင်းမိုးတွေကြားမှာ
နှစ်ယောက်အတူပြေးတိုးနေကျ
ငါ့ပေါ်အမြဲတမ်းဗိုလ်ကျပီးအနိုင်ယူဆေးထိုးနေကျ
မင်းအတွက်ပေးလို့နေကျ
ကော်ဖီလေးနွေးလို့နေမှ
အရင်လိုစောင့်နေဆဲပါပဲ
သံယောဇဉ်အဟောင်းတွေငဲ့ညာလှည့်
ငါ့မှာတော့တယောက်ထဲ
နင်ဘယ်ရင်ခွင်စီရောက်နေမလဲ
ငါ့ဆီတခေါက်တလေပဲဖြစ်ဖြစ်ကွာပြန်လာပါ
ဆောင်းတွင်းရဲ့တိုက်ခတ်တဲ့အေးမြတဲ့မြောက်လေနဲ့
အခုလိုနှင်းဖွဲကျနေချိန်မှာမမေ့ဖို့
တို့နှစ်ယောက်အတူရှိခဲ့ဖူးတာတွေကိုတွေးလို့
အရင်လိုနွေးထွေးမှုတွေကို
ငါပြန်လိုချင်နေသေးလို့
အချစ်တို့နဲ့ပြန်လာပါ ရင်ခွင်အိုလေးသို့
အေးချမ်းလွန်းတဲ့ ဒီဆောင်းညတွေ
ဖြတ်သန်းရင်း မင်းအတွက်အမြဲတမ်းရှိနေပေး။
မြူနှင်းများဖုံးတဲ့ ဒီလမ်းလေးတွေ
လျှောက်လမ်းရင်း မင်းအကြောင်းများပဲ
တွေးမိသေး နင်ပြန်လာမယ့်နေရက်တွေ စောင့်မျှော်နေ
မျှော်နေမယ် ဆောင်းမနက်တွေထဲ
ရင်ခွင်အိုဟောင်းလေးကအသင့်ရှိနေဆဲ
မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်ပြန်လာခဲ့
မျှော်နေမယ် ဆောင်းမနက်တွေထဲ
ဒီရင်ဟာ အမြဲအသင့်ရှိနေဆဲ
မင်းရဲ့ရင်ထဲမှာ အချစ်တို့ ရှိသေးရင်
ရင်ခွင်နေရာဟောင်းလေးဆီ ပြန်ခဲ့ကွယ်