အရှက်ပြေလေးပြုံးပြသူ
တေးရေးညောင်တုန်းဌေးဝင်း
တေးဆို ရဲသီဟ
ရွှေရောင်ဖိတ်စာ သူကိုယ်တိုင်ကမ်းပါလို့
မင်္ဂလာပွဲကို ကိုကိုယ်တိုင်လှမ်းပါလို့
အရှုံးသမားအနေနဲ့ ကျန်ခဲ့သူပါလေ...
အနိုင်ရသူတွေ ရယ်ကာမောလို့
ပျော်ပါစေ..ပျော်နေပါစေ
မင်္ဂလာအဝတ်တန်ဆာ ဆင်ကာမြန်ကာသူလာ
သူပါးမှာမျက်ရည်စနဲ့ သူနှုတ်ဆက်ရှာ
လာသမျှကိုလေ သီချင်လေးနဲ့ဖျော်ဖြေပေးဖို့
တိုးတိုးကလေး သူကတောင်းဆိုနေ..
အရှုံးသမားအရှက်ပြေ
သီချင်းလေးတစ်ပုဒ် သီဆိုပြမယ်လေ..
ငွေကိုမက်သူ..တွေ...
ဂုဏ်ကိုမက်သူ..တွေ..
ရင်ဆိုင်မယှဉ်ပြိုင်နိုင်တဲ့ ဘဝပါမေရေ..
လိုရာသုံးနှလုံးသားလေး ကိုယ်လက်ဖွဲ့ပါရစေ..
ရွှေမင်္ဂလာ..ငွေမင်္ဂလာ
ဂုဏ်ကိုမက်သူတို့ လက်ထပ်ကြတဲ့သူတွေ
အသက်တမျှချစ်ခဲ့ကြတဲ့ အရှုံးသမားမှာတော့
ရင်ထဲမှာကြေကွဲလို့နေ
မေရယ်..မေရယ် ပျော်ပါစေလေ...
မင်းလိုရာနင်းကာသွား နှလုံးသားလေးကို
လမ်းခင်းပေးမယ် လိုရာစေ...
အရှုံးသမားအရှက်ပြေ
အပြုံးကလေးနဲ့ ကိုယ်ရှာပေးသူရေ...
စကားပြော
အခုလို့လက်ခုပ်သံလေးနဲ့
ချီးမြှင့်အားပေးလိုက်ကျတာ
အများအမြင်မှာအားရ ကျေနပ်စရာဖြစ်ပေ့မဲ့
ကိုယ်ရင်ထဲမှာကြွေမွ လုမတတ်နှလုံးသားကို
ထိုးနှက်ရိုက်ခတ်သလို့ ခံစားနေရပါတယ်
မင်းတို့မင်္ဂလာပွဲမှာ ရောက်လာခဲ့တဲ့
အရှုံးသမားအတွက် ပြန်လည်တုံပြန်ပေးတဲ့
မင်းရဲအပြုံးတွေကြားက
ငိုရှာပေးတဲ့ မျက်ဝန်းလေးဟာ
အရှုံးသမားအတွက်
အရှက်ပြေးလေးပေါ့ အချစ်ရယ်
မင်းအတွက်ကိုယ်ရဲ့ အသဲနှလုံးကို
လမ်းခင်းပေးလို့
မင်းလို့ရာ..မင်းလိုရာ မင်းသွားပါတော့
မင်းဘဝလေး
ထာဝရပျော်ရွှင်ပါစေ အချစ်ရယ်
ရွှေရောင်ဖိတ်စာ သူကိုယ်တိုင်ကမ်းပါလို့
မင်္ဂလာပွဲကို ကိုကိုယ်တိုင်လှမ်းပါလို့
အရှုံးသမားအနေနဲ့ ကျန်ခဲ့သူပါလေ...
အနိုင်ရသူတွေ ရယ်ကာမောလို့
ပျော်ပါစေ..ပျော်နေပါစေ
မင်္ဂလာအဝတ်တန်ဆာ ဆင်ကာမြန်ကာသူလာ
သူပါးမှာမျက်ရည်စနဲ့ သူနှုတ်ဆက်ရှာ
လာသမျှကိုလေ သီချင်လေးနဲ့ဖျော်ဖြေပေးဖို့
တိုးတိုးကလေး သူကတောင်းဆိုနေ..
အရှုံးသမားအရှက်ပြေ
သီချင်းလေးတစ်ပုဒ် သီဆိုပြမယ်လေ..
ငွေကိုမက်သူ..တွေ...
ဂုဏ်ကိုမက်သူ..တွေ..
ရင်ဆိုင်မယှဉ်ပြိုင်နိုင်တဲ့ ဘဝပါမေရေ..
လိုရာသုံးနှလုံးသားလေး ကိုယ်လက်ဖွဲ့ပါရစေ..
ရွှေမင်္ဂလာ..ငွေမင်္ဂလာ
ဂုဏ်ကိုမက်သူတို့ လက်ထပ်ကြတဲ့သူတွေ
အသက်တမျှချစ်ခဲ့ကြတဲ့ အရှုံးသမားမှာတော့
ရင်ထဲမှာကြေကွဲလို့နေ
မေရယ်..မေရယ် ပျော်ပါစေလေ...
မင်းလိုရာနင်းကာသွား နှလုံးသားလေးကို
လမ်းခင်းပေးမယ် လိုရာစေ...
အရှုံးသမားအရှက်ပြေ
အပြုံးကလေးနဲ့ ကိုယ်ရှာပေးသူရေ...