menu-iconlogo
huatong
huatong
avatar

တိမ်စွန်မလေး

ရဲမြင့်မြတ်huatong
తꀧతsaungతꀧతhuatong
Lyrics
Recordings
တိမ်စွန်မလေး

တေးရေး-တွံတေးစိုးအောင်

တေးဆို-ရဲမြင့်မြတ်

Upload & Saung Nya

******************

အသည်းနင့်အောင် ချစ်ခဲ့ပြီးမှ

ကျောခိုင်းပစ်ခွာပြေးသူ

တိမ်စွန်မလေး အချစ်ညာပလီ

တိမ်လိုလှပါ၍ လေမှာဖြင့် ပျောက်ကွယ်ခဲ့ပြီ

ဆင်းရဲတဲ့ ဘဝလေးတခုမှာ

မင်းနဲ့မောင်ချစ်ခြင်းနောင်ဖွဲ့

ချစ်ခဲ့ကြတာမှန်ပါသည်

သမုဒယသစ္စာ ခိုင်မယ်ထင်သည်

အခုတော့ ဂုဏ်ဓနကြားမှာ

သုညသမားကို မေ့ပြီပေါ့

ဂုဏ် မက်ခဲ့လေပြီ ငွေ မက်ခဲ့လေပြီ

မင်းအချစ်တွေ ငွေနဲ့တိုင်း

ငွေနဲ့တန်ဖိုးဖြတ်ခဲ့လေပြီ

ဘဝ မေ့လေပြီ

တိမ်စွန်မလေး မင်း အချစ်စစ် မပီ

*************

အသည်းနင့်အောင် ချစ်ခဲ့ပြီးမှ

ကျောခိုင်း ပစ်ခွာပြေးသူ

တိမ်စွန်မလေး အချစ်ညာပလီ

တိမ်လို လှပါ၍ လေမှာဖြင့် ပျောက်ကွယ်ခဲ့ပြီ

ဆင်းရဲတဲ့ ဘဝလေးတခုမှာ

မင်းနဲ့မောင် ချစ်ခြင်း နောင်ဖွဲ့

ချစ်ခဲ့ရတာမှန်ပါသည်

သမုဒယသစ္စာ ခိုင်မယ်ထင်သည်

အခုတော့ ဂုဏ်ဓနကြားမှာ

သုညသမားကို မေ့ပြီပေါ့

ဂုဏ် မက်ခဲ့လေပြီ ငွေ မက်ခဲ့လေပြီ

မင်းအချစ်တွေ ငွေနဲ့တိုင်း

ငွေနဲ့တန်ဖိုးဖြတ်ခဲ့လေပြီ

ဘဝမေ့လေပြီ...

တိမ်စွန်မလေး မင်း အချစ်စစ် မပီ

**************

ချစ်ခဲ့စဉ်တုန်း က

သူပြောခဲ့တဲ့စကားသံလေးတွေ

မောင်ကလွဲရင် ကမ္ဘာလောက တခုလုံးမှာ

အသက်မဲ့လိုပဲ အောင်းမေ့မည်

ဆင်းရဲတဲ့ ဘဝလေးတခုမှာ

ထမင်းရည်အတူ လျက်ရစေတော့

အခုတော့ သူ့စကားမတည်

သမုကျော့ အညာပလီ

ငွေပုံအလယ်မှာ သူနစ်မြော

အချစ်ဦးမောင့်ကို မေ့ခဲ့ပါလေပြီ

*************

ဘဝမေ့လို့ ဘဝင်မြင့်ခဲ့သူ

ဂုဏ်နောက်မှာ ကောက်ကောက်ပါတဲ့

ငွေမက်တဲ့ မိန်းမလည်ပလီ

ရှုံးသွားတဲ့ င့ါနှလုံးသားကို ပြန် သိမ်းထားပါမည်

နထင်သွေးရောက် မိုးထက်ဝဠာဆီ

တိမ်လိုနေလည်းတည်

လေအဝှေ့မှာတော့ ဘဝပျက်မည်

ဘဝ မေ့လေပြီ

တိမ်စွန်မလေး မင်း အချစ်စစ် မပီ

(စကားပြော)

ဘဝမေ့ ဘဝင်မြင့်ပြီး ဂုဏ်နောက်ကို

ကောက်ကောက်ပါအောင်

လိုက်သွားတဲ့ မိန်းမလည်မလေးရေ..

ဆင်းရဲတဲ့ဘဝလေးတစ်ခုမှာ

လူ့အောက်ကျရုံမကလို့

မဟာပထဝီမြေကြီးအောက် ပေတစ်ရာလောက်

ရောက်ချင်ရောက်ပါစေ

ထမင်းရည်အတူ လျက်ရစေတော့လို့

လျှာမှာသကာနှောတဲ့ မာယာသဘောမှန်းမသိဘဲ

ယုံစား မိခဲ့တာက ကိုယ့်အမှားပါအချစ်ရယ်

အခုတော့ ဂုဏ်ဓနအသိုင်းဝိုင်းရဲ့ အလယ်မှာ

ပြောပြရရင်လည်း

ဒေါထရင်လည်းထပါစေတော့ အချစ်ရယ်

နားကပ်ကလေးမဖြစ်စလောက်

လက်စွပ်ကလေးက မတောက်တခေါက်

ဆွဲကြိုးလေးက လူမြင်သာရုံလောက်

ဟင်း ဟင်း ဟင်း ဟင်း ဟင့်

ဒီလောက်လေးနဲ့တောင်မှ

သိပ်ချစ်ပါတယ်ဆိုတဲ့ အချစ်ဦးမောင့်ကို

မုန်းမေ့နိုင်စွမ်းရှိခဲ့မယ်ဆိုရင်

တိုက်တာကြီးမှာနေ လင့်ခရူဇာမာစီဒီး

ဟာရီယာကားနဲ့ဇိမ်ခံ

ပန်းမွေ့ယာရွှေကော်ဇောနဲ့

မြပခတ်ကိုစီးနေရမယ်ဆိုရင် အချစ်ရေ..

တောကကိုရဲဆိုတဲ့ ကိုယ်လိုဂီတအနုပညာ

သမားတယောက်ကို

မင်းဘဝမင်းကမ္ဘာထဲမှာ မရှိတော့ဘူးရယ်လို့

မှတ်ယူလိုက်မယ့် မင်းရဲ့နိယာမတရားတွေကို

နားလည်လိုက်ပါပြီအချစ်ရယ်

နားလည်လိုက်ပါပြီကွာ

*********

ချစ်ခဲ့စဉ်တုန်းက

သူပြောခဲ့တဲ့ စကားသံလေးတွေ

မောင်ကလွဲရင် ကမ္ဘာလောက တခုလုံးမှာ

အသက်မဲ့လိုပဲ အောင်းမေ့သည်

ဆင်းရဲတဲ့ ဘဝလေးတခုမှာ

ထမင်းရည်အတူ လျက်ရစေတော့

အခုတော့ သူ့စကားမတည်

သမုကျော့ အညာပလီ

ငွေပုံအလယ်မှာ သူနစ်မြော

အချစ်ဦးမောင့်ကို မေ့ခဲ့ပါလေပြီ

***************

ဘဝမေ့လို့ ဘဝင်မြင့်ခဲ့သူ

ဂုဏ်နောက်မှာ ကောက်ကောက်ပါတဲ့

ငွေမက်တဲ့ မိန်းမလည်ပလီ

ရှုံးသွားတဲ့ င့ါနှလုံးသားကို ပြန် သိမ်းထားပါမည်

နထင်သွေးရောက် မိုးထက်ဝဠာဆီ

တိမ်လိုနေလည်းတည်

လေအဝှေ့မှာတော့ ဘဝပျက်မည်

ဘဝ မေ့လေပြီ

တိမ်စွန်မလေး မင်း အချစ်စစ် မပီ

****************

ပျော်ရွှင်ချမ်းမြေ့ပါစေ

Saung Nya

More From ရဲမြင့်မြတ်

See alllogo