ပြောဖို့စကားလေး တို့မှာ မကုန်သေးလဲ
မင်းအနားလေးပဲ ဆက်နေချင်သေးလဲ
နံရံပေါ်မှာနာရီတွေက ရွေ့နေတယ်
အတူဆုံချိန်ဟာ ကုန်တာ မြန်လွန်းခဲ့...
တို့လက်ဖျားလေး အေးနေပါပြီကွယ်
နှလုံးသွေးများလဲ တိုးနေတာ သိတယ်
ရင်ခုန်သံကို ကိုယ်တိုင် သတိမထားမိတော့လဲ
တစ်ခုခုပြောင်းလဲသွားမှာ သိပ်စိုးတယ်..
အချစ်ရေ ပြန်..ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်
လှပလွန်းတဲ့ မိုးတိမ်တွေကြားထဲ
လွင့်မျောလို့မသွားဖို့ တို့လေ တကယ်ခက်ခဲ
အတင်းပဲ ကြိုးစားရုန်းရအုံးမယ်
ဇွတ်တိုးဖို့သတ္တိနည်းတယ် ဆိုမလားကွယ်..
တို့ဘဝလေးကိုနားလည်ပါ အချစ်ရယ်
နှလုံးသားလေးက မင်းကို မနှင်ရက်လဲ
အသိစိတ်တစ်ချို့က တို့ကိုသတိပေးလို့နေတယ်
တစ်ခုခုပြောင်းလဲသွားမှာ စိုးပါတယ်..
အချစ်ရေ ပြန်..ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်
ပြန်..ပြန်တော့ကွယ်
အပြင်မှာ မိုးလဲ ရွာတော့မယ်
နေရစ်ခဲ့ပါရစေ တစ်ယောက်ထဲ
တို့ နှုတ်ဆက်သင့်ပြီပဲ
ဒီထက်ပိုပြီး တို့ မနီးချင်တော့နဲ့
ဖြတ်ရခက်မယ် အကြင်နာကြိုးလေးအတွက်