ချစ်သောကုမုဒြာ
ရေး ဆို သဟာအောင်
Intro
မြေရနံ့တို့သင်းပျံ့တယ်
ညနေဆည်းဆာ
ညကောင်းကင်ယံမှာ
တိမ်ရောင်စုံလွှင့်မျော
သဘာဝက လှနေလိုက်တာ
ချစ်ခွန်းသီကြွေး
ငှက်ကလေးတွေဟိုအဝေးမှာ
ငေးကြည့်တော့ ရင်ခွင်ဟာ
ဆွေးမိတယ်ချစ်သော ကုမုဒြာ
မြေရနံ့တို့သင်းပျံ့တယ်
ညနေဆည်းဆာကောင်းကင်ယံမှာ
တိမ်ရောင်စုံလွှင့်မျော
သဘာဝကလှနေလိုက်တာ
ချစ်ခွန်းသီကြွေး
ငှက်ကလေးတွေ ဟိုအဝေးမှာ
ငေးကြည့်တော့ ရင်ခွင်ဟာ
ဆွေးမိတယ်ချစ်သော ကုမုဒြာ
မြေပြင်ကျယ်မှာ
ငွေလရောင်ပက်ကာဖျန်းတော့
မင်းအလှက ခမ်းနားလိုက်တာ
မနမ်းရက်ပါ မချွေခူးရက်ပါ
ချစ်မိသူရင်မှာ
ပျောက်သွားမလားစိုးမိတာ
ကြယ်ကြွေညတိုင်း
ဆုတောင်းနေမိခဲ့တာ
ဘယ်တော့မှ မဝေးပါရစေနဲ့
မခွဲနိုင်ပါချစ်သော ကုမုဒြာ
ဘယ်ဆီမင်းထွက်ခွာ
ခြေရာလည်းဖျောက်ကာ
မျှော်လင့်ချက်မကုန်ဆုံးသေးဘူး
ငါ့ရင်ခွင်မှာ
အစားထိုးမရနိုင်လို့ပါ
မင်းငါ့ဆီပြန်လာပါ
နေ့တိုင်းညတိုင်းပဲကွာ
လွမ်းနေတယ်ချစ်သော ကုမုဒြာ
မြေရနံ့တို့ သင်းပျံ့တယ်
ညနေဆည်းဆာကောင်းကင်ယံမှာ
တိမ်ရောင်စုံလွင့်မျော
သဘာဝကလှနေလိုက်တာ
ချစ်ခွန်းသီကြွေး
ငှက်ကလေးတွေဟိုအဝေးမှာ
ငေးကြည့်တော့ ရင်ခွင်ဟာ
ဆွေးမိတယ်ချစ်သော ကုမုဒြာ
မြေပြင်ကျယ်မှာ
ငွေလရောင်ပက်ကာဖျန်းတော့
မင်းအလှက ခမ်းနားလိုက်တာ
မနမ်းရက်ပါ မချွေခူးရက်ပါ
ချစ်မိသူရင်မှာ
ပျောက်သွားမလားစိုးမိတာ
ကြယ်ကြွေညတိုင်း
ဆုတောင်းနေမိခဲ့တာ
ဘယ်တော့မှ မဝေးပါရစေနဲ့
မခွဲနိုင်ပါချစ်သော ကုမုဒြာ
ဘယ်ဆီမင်းထွက်ခွာ
ခြေရာလည်းဖျောက်ကာ
မျှော်လင့်ချက်မကုန်ဆုံးသေးဘူး
ငါ့ရင်ခွင်မှာ
အစားထိုးမရနိုင်လို့ပါ
မင်းငါ့ဆီပြန်လာပါ
နေ့တိုင်း ညတိုင်းပဲကွာ
လွမ်းနေတယ်ချစ်သော ကုမုဒြာ
Follow me