**မြရိပ်ဝန်းကိုလွမ်းပါသည်**
ဆို-ခင်ခင် / သဲနုဝါ
စိန်ပန်းခရေ
ကံ့ကော်ပိတောက်တွေ
ရာသီအလေ့ကျ
ဖူးပွင့်ငုံဝေစီ
ရနံ့ ကြိုင်သင်း
ရင်တွင်းမှာကြည်
မြကန်ရေ ဆည်းဆာ
အလှပန်းချီ
ဟိုတုန်းကဘဝလေး
အခုနေ အောက်မေ့သည်
အလှနိမိတ် ရွှန်းစို
ပန်းကဗျာသီ
ဘဝအတိတ် မညွှန်းလို
အလှမ်းကွာပြီ
မြရိပ်ဝန်းကို လွမ်းပါသည်,,,
*******
ကိုယ်တို့ ပျော်ခဲ့ဖူးရာ
မြသီလာ နံသာတောဆီ
ရွက်ဟောင်းတွေ ကြွေရင်လည်း
ရွက်သစ်တွေ ဖြာဝေဆဲ
မရိုးသော အလှနဲ့
လှ၍နေဦးမည်
သည်မြေမှာ ဆုံ
သည်မြေမှ ခွါ
ဝေးခဲ့ရ လပေါင်းတို့
နှစ်ပေါင်းကြာရှည်
မြိုင်ညိုတောဆီ
နွေ ဥအောပျိုလည်း
အခန်းဆက် လွမ်းတေးကိုသီ
မိုးပိတောက်တွေ
ပွင့်ရှာရော့မည်
ဆောင်းနှင်းမှုန် ဝေ့ဝေဝဲ
ကံ့ကော်ပင်အောက်
လမ်းလျှောက်ထွက်ရင်းပျော်ဖူးသည်
ကျောင်းတုန်းက သူငယ်ချင်းတွေ
မတွေ့ရပေမဲ့ မေ့မရပြီ
ဟိုတုန်းက ဘဝကလေး
အခုနေ အောက်မေ့သည်
အလှနိမိတ် ရွှန်းစို
ပန်းကဗျာသီ
ဘဝအတိတ် မညွှန်းလို
အလှမ်းကွာပြီ
မြရိပ်ဝန်းကို လွမ်းပါသည်,,,
***တီးလုံး***
စိန်ပန်းခရေ
ကံ့ကော်ပိတောက်တွေ
ရာသီအလေ့ကျ
ဖူးပွင့်ငုံဝေစီ
ရနံ့ ကြိုင်သင်း
ရင်တွင်းမှာကြည်
မြကန်ရေ ဆည်းဆာ
အလှပန်းချီ
ဟိုတုန်းကဘဝလေး
အခုနေ အောက်မေ့သည်
အလှနိမိတ် ရွှန်းစို
ပန်းကဗျာသီ
ဘဝအတိတ် မညွှန်းလို
အလှမ်းကွာပြီ
မြရိပ်ဝန်းကို လွမ်းပါသည်,,,
*******
ကိုယ်တို့ ပျော်ခဲ့ဖူးရာ
မြသီလာ နံသာတောဆီ
ရွက်ဟောင်းတွေ ကြွေရင်လည်း
ရွက်သစ်တွေ ဖြာဝေဆဲ
မရိုးသော အလှနဲ့
လှ၍နေဦးမည်
သည်မြေမှာ ဆုံ
သည်မြေမှ ခွါ
ဝေးခဲ့ရ လပေါင်းတို့
နှစ်ပေါင်းကြာရှည်
မြိုင်ညိုတောဆီ
နွေ ဥအောပျိုလည်း
အခန်းဆက် လွမ်းတေးကိုသီ
မိုးပိတောက်တွေ
ပွင့်ရှာရော့မည်
ဆောင်းနှင်းမှုန် ဝေ့ဝေဝဲ
ကံ့ကော်ပင်အောက်
လမ်းလျှောက်ထွက်ရင်းပျော်ဖူးသည်
ကျောင်းတုန်းက သူငယ်ချင်းတွေ
မတွေ့ရပေမဲ့ မေ့မရပြီ
ဟိုတုန်းက ဘဝကလေး
အခုနေ အောက်မေ့သည်
အလှနိမိတ် ရွှန်းစို
ပန်းကဗျာသီ
ဘဝအတိတ် မညွှန်းလို
အလှမ်းကွာပြီ
မြရိပ်ဝန်းကို လွမ်းပါသည်,,,
**ရွှင်လန်းချမ်းမြေ့ကြပါစေ**
TP RIT U70အဖွဲ့