menu-iconlogo
huatong
huatong
avatar

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်

ဟသာင်္တထွန်းရင်huatong
muller.erikahuatong
Lyrics
Recordings
မွေး……………………

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဝေး ………………………

တစ်မြေဆီ ခြားလို့ ဝေးကွားခဲ့ပြီ

သားချစ်တဲ့ မွေးမေမေ

သား…… ချစ်တဲ့ မွေးမေမေ

ခေါ်ယောင်မျှော်ယောင်မှန်း

သားအပြန်လမ်းကိုမှန်းလို့ကြိုနေ

လွမ်းမျက်ရည်ဝေ……

ထင်ယောင်မြင်ယောင်မိနေ

ကျေးဇူးကန်းတဲ့ သားမိုက်ရယ်လို့

အမေတွေးနေမလားလေ

သားအတွက်ရတက်မအေးရှာလို့

စာကလေးတွေရေးကာပို့နေ

တစ်နယ်တစ်ရပ်တစ်ကျေးမှာ

လိမ္မာ စမ်းပါသားရေ

လိမ္မာစမ်းပါ သားရေ

ကြီးမားလှတဲ့ အမေ့ကျေးဇူးတွေ

သား ဆပ်ဖူးချင်တယ်လေ

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဥမမည်စာမမြောက်

အရွယ်ရောက်ခဲ့သည့်တိုင်မသွေ

မှဲ့တစ်ပေါက်မစွန်းရအောင်လို့

ကျွေးမွေးပြုစု ယုယရှာပေ

သားကိုချစ်တဲ့ မွေးမေမေ

သားလေးချစ်တဲ့ မွေးမေမေ

တွေးလေလေ ဆွေးမပြေဘူး

သားရေခေါ်လို့ မထူးနိုင်တဲ့အခြေ

မိဘမေတ္တာဆိုတာ

အစုန်သာရှ အဆန် မရှိပေ

ကိုယ်တွေ့ကြုံမှ နောင်တရနေ

ခုနေခါ ကလေးလေးအဖြစ်နဲ့

မေမေ့ရင်ခွင် တိုးဝင်ပြီးတော့

နွဲ့ဆိုး ဆိုးချင်ပေမယ့်

မဖြစ်နိုင်တော့တဲ့ အခြေ

မွေး……………………

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဝေး ………………………

တစ်မြေဆီ ခြားလို့ ဝေးကွားခဲ့ပြီ

သားချစ်တဲ့ မွေးမေမေ

သား…… ချစ်တဲ့ မွေးမေမေ

မွေး……………………

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဝေး ………………………

တစ်မြေဆီ ခြားလို့ ဝေးကွားခဲ့ပြီ

သားချစ်တဲ့ မွေးမေမေ

သား…… ချစ်တဲ့ မွေးမေမေ

ခေါ်ယောင်မျှော်ယောင်မှန်း

သားအပြန်လမ်းကိုမှန်းလို့ကြိုနေ

လွမ်းမျက်ရည်ဝေ……

ထင်ယောင်မြင်ယောင်မိနေ

ကျေးဇူးကန်းတဲ့ သားမိုက်ရယ်လို့

အမေတွေးနေမလားလေ

သားအတွက်ရတက်မအေးရှာလို့

စာကလေးတွေရေးကာပို့နေ

တစ်နယ်တစ်ရပ်တစ်ကျေးမှာ

လိမ္မာ စမ်းပါသားရေ

လိမ္မာစမ်းပါ သားရေ

ကြီးမားလှတဲ့ အမေ့ကျေးဇူးတွေ

သား ဆပ်ဖူးချင်တယ်လေ

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဥမမည်စာမမြောက်

အရွယ်ရောက်ခဲ့သည့်တိုင်မသွေ

မှဲ့တစ်ပေါက်မစွန်းရအောင်လို့

ကျွေးမွေးပြုစု ယုယရှာပေ

သားကိုချစ်တဲ့ မွေးမေမေ

သားလေးချစ်တဲ့ မွေးမေမေ

တွေးလေလေ ဆွေးမပြေဘူး

သားရေခေါ်လို့ မထူးနိုင်တဲ့အခြေ

မိဘမေတ္တာဆိုတာ

အစုန်သာရှ အဆန် မရှိပေ

ကိုယ်တွေ့ကြုံမှ နောင်တရနေ

ခုနေခါ ကလေးလေးအဖြစ်နဲ့

မေမေ့ရင်ခွင် တိုးဝင်ပြီးတော့

နွဲ့ဆိုး ဆိုးချင်ပေမယ့်

မဖြစ်နိုင်တော့တဲ့ အခြေ

မွေး……………………

မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ

ဝေး ………………………

တစ်မြေဆီ ခြားလို့ ဝေးကွားခဲ့ပြီ

သားချစ်တဲ့ မွေးမေမေ

သား…… ချစ်တဲ့ မွေးမေမေ

Thanks You

More From ဟသာင်္တထွန်းရင်

See alllogo