ဆန်ရေတပွက်
ဟင်္သာတထွန်းရင်
0 : 25
မိဘနှစ်ဖြာ
သားသမီးအပေါ် ထားတဲ့မေတ္တာ
ဘယ်အရာနဲ့မှ နှိုင်းမရပါ
အရိပ်တကြည့်ကြည့်နဲ့သာ
အချိန်ရှိသ၍ အမြဲတမ်းလေ့လာ
သားသမီးမျက်နှာ ရွှင်ကြည်လန်းမှ
အမေ့စိတ်ဝမ်း ချမ်းမြေ့ကြည်သာ
တစိမ့်စိမ့် စီးဆင်းလာတဲ့
အနန္တမေတ္တာ စိမ့်စမ်းရေပမာ
တသွင်သွင်စီးမြဲပါ
စုန်ရေသာ ကြားခဲ့ဖူးတာ
လက်အုပ်ချီကာ ကန်တော့လာတော့
ဆန်ရေ ပွက်သည့်ပမာ
စုန်ရေသာ ကြားခဲ့ဖူးတာ
လက်အုပ်ချီကာ ကန်တော့လာတော့
ဆန်ရေ ပွက်သည့်ပမာ
သားမောင် လူကလေး
ရွှေးသွေး လူကလေး
အချစ်ဆုံး အလိမ္မာတုံးကြီး
ဘုန်းကြီးလို့ သက်ရှည်
မျက်ရည် မဆည်နိုင်ရှာ
ဝမ်းသာလုံးဆို့ကာ
ကန်တော့လာတဲ့
လက်ဖက်တစ်ရိုး ကွမ်းတစ်ယာ
အမေ့ရင်ထဲမှာ
ရွှေတစ်အိုးနဲ့ စိန်တစ်ဆင်စာ
ကိုးလလွယ် ဆယ်လဖွား
ဖ၀ါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်
လူဖြစ်အောင် ကျွေးမွေးခဲ့ရ
ဒုက္ခအဖြာဖြာ
သတိမရနိုင်ရှာ မိဘနှစ်ဖြာ
အရွယ်နဲ့လိုက်၍ ဆိုးမိုက်ခဲ့တာ
အပြစ်လို့ မမြင်နိုင်ပါ
အဖေအမေမှန်း သိတတ်လွန်းလို့
ရွှန်းပီတိဖြာ
သားမောင် လူကလေး
ရွှေးသွေး လူကလေး
အချစ်ဆုံး အလိမ္မာတုံးကြီး
ဘုန်းကြီးလို့ သက်ရှည်
မျက်ရည် မဆည်နိုင်ရှာ
ဝမ်းသာလုံးဆို့ကာ
ကန်တော့လာတဲ့
လက်ဖက်တစ်ရိုး ကွမ်းတစ်ယာ
အမေ့ရင်ထဲမှာ
ရွှေတစ်အိုးနဲ့ စိန်တစ်ဆင်စာ
စုန်ရေသာ ကြားခဲ့ဖူးတာ
လက်အုပ်ချီကာ ကန်တော့လာတော့
ဆန်ရေ ပွက်သည့်ပမာ
စုန်ရေသာ ကြားခဲ့ဖူးတာ
လက်အုပ်ချီကာ ကန်တော့လာတော့
ဆန်ရေ ပွက်သည့်ပမာ
သားမောင် လူကလေး
ရွှေးသွေး လူကလေး
အချစ်ဆုံး အလိမ္မာတုံးကြီး
ဘုန်းကြီးလို့ သက်ရှည်
မျက်ရည် မဆည်နိုင်ရှာ
ဝမ်းသာလုံးဆို့ကာ
ကန်တော့လာတဲ့
လက်ဖက်တစ်ရိုး ကွမ်းတစ်ယာ
အမေ့ရင်ထဲမှာ
ရွှေတစ်အိုးနဲ့ စိန်တစ်ဆင်စာ
ကိုးလလွယ် ဆယ်လဖွား
ဖ၀ါးလက်နှစ်လုံး
ပခုံးလက်နှစ်သစ်
လူဖြစ်အောင် ကျွေးမွေးခဲ့ရ
ဒုက္ခအဖြာဖြာ
သတိမရနိုင်ရှာ မိဘနှစ်ဖြာ
အရွယ်နဲ့လိုက်၍ ဆိုးမိုက်ခဲ့တာ
အပြစ်လို့ မမြင်နိုင်ပါ
အဖေအမေမှန်း သိတတ်လွန်းလို့
ရွှန်းပီတိဖြာ
သားမောင် လူကလေး
ရွှေးသွေး လူကလေး
အချစ်ဆုံး အလိမ္မာတုံးကြီး
ဘုန်းကြီးလို့ သက်ရှည်
မျက်ရည် မဆည်နိုင်ရှာ
ဝမ်းသာလုံးဆို့ကာ
ကန်တော့လာတဲ့
လက်ဖက်တစ်ရိုး ကွမ်းတစ်ယာ
အမေ့ရင်ထဲမှာ
ရွှေတစ်အိုးနဲ့ စိန်တစ်ဆင်စာ