တေးရေး ဂီတစာဆိုမောင်ကြေးမုံ
တေးဆို ဟံသာစိုးမင်း
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံးပုခုံးလက်နှစ်သစ်မှ
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေးခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ်ဆယ်ဖြာမြင့်သော
ချစ်မေမေ ဪ ချစ်မေမေရေ ..
မေမေရေ ....
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံးပုခုံးလက်နှစ်သစ်မှ
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေး ခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ် ဆယ်ဖြာမြင့်သော
ချစ်မေမေ ဪ ချစ်မေမေရေ ..
မေမေရေ ....
နှလုံးသွေးကိုစု ပုံပြုသွန်းထု
နီသောသွေးကို သန့်စင်ဖြူစေ
စွမ်းတဲ့ မွေးကျေးဇူးရှင် ...
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင့်မိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ... ချစ်မေမေရေ ၊
လူလားမြောက်လို့အတောင်စုံကျတော့
သံယောဇဉ်အချစ်သစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကို ကျောခိုင်းသွားတော့
မေမေ သမုဒယ ဥမ္မတကာကြီးရေ
မေမေသမုဒယ ဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့ နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေ ဂရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ ဂန္ထဝင်မေမေ
ဂရုဏာမေမေ ကောင်းကင်မေမေ
မြင့်မိုရ်မေမေ တီတာစမ်းသမျှ
သီတာစမ်းကျ ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ ဪ ချစ်မေမေရေ
Intro:
ဝမ်းကြာဖူးငုံ ပန်းမှုန်ပွင့်အရွယ်
လွယ်မွေးခဲ့တဲ့ မဟာမေမေ
ဖဝါးလက်နှစ်လုံးပုခုံးလက်နှစ်သစ်မှ
မွေးခဲ့ပါသော မွေးခဲ့ရှာသော
ကျွေး ခဲ့ပါသော သူရဲကောင်းမေမေ
ကျေးဇူးမြင့်မိုရ် ဆယ်ဖြာမြင့်သော
ချစ်မေမေ ဪ ချစ်မေမေရေ ..
မေမေရေ ....
နှလုံးသွေးကိုစု ပုံပြုသွန်းထု
နီသောသွေးကို သန့်စင်ဖြူစေ
စွမ်းတဲ့ မွေးကျေးဇူးရှင် ...
ဂန္ထဝင်မေမေ ဂရုဏာမေမေ
ကောင်းကင်မေမေ မြင့်မိုရ်မေမေ
တီတာစမ်းသမျှ သီတာစမ်းကျ
ကြည်သာချမ်းမြ ပန်းအလှတို့ပွင့်နေ
ဪ... ချစ်မေမေရေ ၊
လူလားမြောက်လို့အတောင်စုံကျတော့
သံယောဇဉ်အချစ်သစ်တွေနဲ့
သံယောဇဉ်ကြိုးအသစ်တွေနဲ့
မေမေ့ကို ကျောခိုင်းသွားတော့
မေမေ သမုဒယ ဥမ္မတကာကြီးရေ
မေမေသမုဒယ ဥမ္မတကာကြီးရေ
ကျန်ရစ်ပေဦးတော့ နေရစ်ပေဦးတော့
ခွင့်လွှတ်အပြုံးတွေ ဂရုဏာအပြုံးတွေဝေ
မျက်ရည်တဝေဝေ ဂန္ထဝင်မေမေ
ဂရုဏာမေမေ ကောင်းကင်မေမေ
မြင့်မိုရ်မေမေ တီတာစမ်းသမျှ
သီတာစမ်းကျ ကြည်သာချမ်းမြ
ပန်းအလှတို့ပွင့်နေ ဪ.. ချစ်မေမေရေ