menu-iconlogo
huatong
huatong
avatar

စိုးစိတ်တိုးတိတ်လွမ်းချိန်

အက်စတာhuatong
Jennie4huatong
Lyrics
Recordings
စိုးစိတ်တိုးတိတ်လွမ်းချိန်

မင်းကလေးနဲ့ စကားပြောဖြစ်တဲ့

အချိန်အခါတွေတိုင်း

အို..ထူးဆန်းတဲ့ ရင်ခုန်သံတွေခံစား

နေရတဲ့ခဏကို နှစ်ခြိုက်မိပါတယ်...

တို့ အချစ်ကို လွှမ်းမိုးလွန်းသူရေ...

မင်းကလေးနဲ့ တို့နဲ့ကြားက

ခင်မင်မှုစည်း..

Oh....တိုး..ရှေ့သို့

ကိုယ်ဝင်လာချင်ပေမယ့်

မပျော်ရဲတဲ့ဘဝမှာ အားနည်းချက်တွေနဲ့

မပြောရဲပါ နှုတ်ဆိတ်လို့ငြိမ်သက်....

အို..မင်းကလေးကို

စိုးစိတ်..တိုးတိတ် လွမ်းချိန်မှာ

ကိုယ်မြတ်နိုးတဲ့ သီချင်းလေးများစွာ

တိုင်တည်နေမှာပါ

ဒါကိုသိစိတ်ထဲက မရည်ရွယ်လည်း

မသိစိတ်ထဲက ရည်ရွယ်ထား......

မင်းကလေးနဲ့ မတွေ့ဖြစ်ခဲ့တဲ့

အချိန်တွေ မှုံ မှိုင်း...

Oh...တိုး..ရှေ့သို့

ကိုယ်ဝင်လာချင်ပေမယ့်...

မပျော်ရဲတဲ့ဘဝမှာ အားနည်းချက်တွေနဲ့

မပြောရဲပါ နှုတ်ဆိတ်လို့ ငြိမ်သက်

မင်းကလေးနဲ့ စကားပြောဖြစ်တဲ့

အချိန်အခါတွေတိုင်း

အိုး..ထူးဆန်းတဲ့ ရင်ခုန်သံတွေခံစား

နေရတဲ့ခဏကို ..နှစ်ခြိုက်မိ​နေခဲ့...

တို့ဘဝကို လွှမ်းမိုးလွန်းသူရေ....

အို...မင်းကလေးကို

စိုး.စိတ်..တိုးတိတ် လွမ်းချိန်မှာ

ကိုယ်မြတ်နိုးတဲ့ သီချင်းလေးများစွာ

တိုင်တည်..နေမှာပါ

ဒါကို..သိစိတ်ထဲက မရည်ရွယ်လည်း...

အိုးးမသိစိတ်ထဲက ရည်ရွယ်ထား...

အို.....မင်းကလေးကို

စိုးစိတ်တိုးတိတ် လွမ်းချိန်မှာ

ကိုယ်မြတ်နိုးတဲ့ သီချင်းလေးများစွာ

တိုင်တည်..နေမှာပါ

ဒါကိုသိစိတ်ထဲက မရည်ရွယ်လည်း...

မသိစိတ်ထဲက ရည်ရွယ်ထား......

မသိ..စိတ်ထဲက...ရည်ရွယ်....

ထား...

More From အက်စတာ

See alllogo