menu-iconlogo
huatong
huatong
avatar

မျှော်လင့်ခြင်းကွင်းပြင်

အငဲhuatong
sheila-siplen2000huatong
Lyrics
Recordings
သီချင်း - မျှော်လင့်ခြင်းကွင်းပြင်

တေးဆို - အငဲ

ဒီ ကွင်းပြင်ကြီးကို

တို့ဖြတ်ဖူးတယ်

ဒီ မြက်ပင်များအပေါ်

တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်

ဒီ ကောင်းကင်ကြီးထဲ

မိုးတိမ်တွေ အမြဲပျံသန်း

ကြည် နူးစရာဘဝပေါ့

မင်းလေးနဲ့ ဟိုတစ်ချိန်က

တို့ နှစ်ဦးသားအချစ်ကို

တန်ဖိုး ထားကြတယ်

ဒီ ကွင်းပြင်ကြီးဟာ

အခုဆိုလွမ်းစရာ

ဒီ မြက်ပင်စိမ်းတွေ

ခြောက်သွေ့ ကာ ညိုမွဲနေ

ဒီ ကောင်းကင်ကြီးလည်း

ဟိုး အရင်လို မလှတော့ဘူး

ရင်ထဲမှာအဆွေးများ

မင်းထားပစ်ကာ ထွက်သွား

တို့ နှစ်ဦးသား ဘဝဟာ

ကမ္ဘာကြီး ခြားထားသလို

တို့မသိနိုင်ဘူး

ကံတရားရဲ့ အင်အားကို

အဝေးဆုံး ချစ်သူတိုင်းလဲ

ပြန်နီးဖို့ မျှော်လင့်နေ

အချစ်ဆုံး ချစ်သူတိုင်း

အို .. အလွမ်းဆုံးဘဝရှိမယ်

အချစ်ဟာ ကြည်နူးစရာ

အိုး .. လွမ်းစရာတစ်ခါဖြစ်မြဲ

ကိုယ်လေ စောင့်မျှော်ဆဲပါ

မင်းလာမယ့် နေ့

တစ်ကယ် နားလည်မှုနဲ့

မင်းကိုယ့်ထံ ပြန်မယ့်နေ့

ကြေ ကွဲစရာများနဲ့

တစ်ခြားနေရာမှာ မင်းပျော်မလား

ငါလွမ်းသလိုမင်းလည်း အမြဲတမ်းတနေမှာပဲ

မျှော် မဆုံးသောကွင်းပြင်

အရင်အတိုင်း လျှောက်ရအောင်

ကိုယ်လေ စောင့်မျှော်ဆဲပါ

မင်းလာမယ့် နေ့

တစ်ကယ် နားလည်မှုနဲ့

မင်းကိုယ့်ထံ ပြန်မယ့်နေ့

ကြေ ကွဲစရာများနဲ့

တစ်ခြားနေရာမှာ မင်းပျော်မလား

ငါလွမ်းသလိုမင်းလည်း အမြဲတမ်းတနေမှာပဲ

မျှော် မဆုံးသောကွင်းပြင်

အရင်အတိုင်း လျှောက်ရအောင်

မျှော် မဆုံးသောကွင်းပြင်

အရင်အတိုင်း လျှောက်ရအောင်

More From အငဲ

See alllogo